Connect with us

Hi, what are you looking for?

သတင်း

ထိုင်းစာသင်ကျောင်း ပစ်ခတ်မှု ကျူးလွန်သူရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

ဩဂုတ် ၇ ရက် မနက်ပိုင်းတုန်းက နွန်သာဘူရီရဲ့ ဘန်ခရူရိုင် ခရိုင်ထဲမှာရှိတဲ့ ဒက်ဘ်ဆီရင် နွန်သာဘူရီ စာသင်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ သေနတ်သမားဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် Grade 9 ကျောင်းသားကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် ကျောင်းထဲမှာ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသား ၆ ဦးလည်း သေဆုံးခဲ့တာကြောင့် သေနတ်သမား အပါအဝင် ၇ ဦး သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်သမား ကျောင်းသားရဲ့ နေအိမ်ကို သွားရောက် စစ်ဆေးတဲ့အခါ သူ့ရဲ့ အဖိုးအဖွားလို့ ယုံကြည်ရသူ နှစ်ဦးပါ သေဆုံးနေတာကို ရှာတွေ့ခဲ့ပါတယ်။

ရဲတွေကတော့ သေသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အတည်ပြုဖို့နဲ့ စာသင်ကျောင်း ပစ်ခတ်မှုနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိမရှိ ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ မှတ်ချက်ပေးထားပါတယ်။ တကယ်လို့ ဆက်နွှယ်မှု ရှိတယ်ဆိုရင်တော့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၉ ဦးထိ မြင့်တက်လာမယ့် သဘောပါ။

Public Service Announcement

Public Service Announcement

ကျောင်းထဲမှာ ဒဏ်ရာရသူ ၁၅ ဦး ရှိခဲ့ရာမှာလည်း ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရပါတယ်။

သေနတ်သမားဟာ ပစ္စတို တစ်လက်နဲ့ ကျည်အမြောက်အမြားကို ယူဆောင်လာပြီး ကျောင်းထဲကို ဝင်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက အဲဒီသေနတ်က ကျောင်းသားလက်ထဲ ဘယ်လို ရောက်သွားသလဲ ဆိုတာကို စုံစမ်းနေပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက် ကျောင်းသားရဲ့ ဖခင်က ကျောင်းထိ ရောက်လာပြီး ရဲတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အမှုနဲ့ ပတ်သက်လို့ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး နောက်ပိုင်းမှာ အချက်အလက် အသစ်တွေ ထုတ်ပြန်လာဖွယ် ရှိပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီကနေ့ (ဩဂုတ် ၈) မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။