သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring
ယူအေအီး၊ ဂျပန်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံရောက် မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရဲ့ အထင်ကရနေရာတွေမှာ ပြည်ပရောက်တော်လှန်ပြည်သူတွေက ၈ သင်္ကေတ ထီးတွေကို အသုံးပြုပြီး ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ ရှီဇုအိုက ခရိုင်မှ တော်လှန်ပြည်သူတွေကလည်း မြန်မာပြည်သူတွေနဲ့အတူ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၃၈)နှစ်ပြည့်မြောက် အထိမ်းအမှတ်အဖြစ် ထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ပါတယ်။

Public Service Announcement
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း ရှစ်လေးလုံး အရေးတော်ပုံ (၃၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အနီရောင်ထီးတွေနဲ့ ၈ သင်္ကေတကို ဖော်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
မလေးရှားနိုင်ငံရှိ စစ်ကောင်စီသံရုံးရှေ့မှာလည်း ပြည်ပရောက်တော်လှန်ပြည်သူတွေက (၈) သင်္ကေတ ထီးတွေကို အသုံးပြုပြီး ရှစ်လေးလုံး ထီးသပိတ်လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြပါတယ်။
ဒီကနေ့ မနက်အစောပိုင်းကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ (၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။


















































