Connect with us

Hi, what are you looking for?

သတင်း

ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ကမာရွတ် အထက (၅) ကျောင်းရှေ့မှာ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ်

စစ်အာဏာသိမ်းမှုကို ဆန္ဒပြရင်း ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အထက (၅) ကျောင်းရှေ့မှာ “ရေဘဝဲ” (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ တော်လှန်လူငယ်တွေက ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ် လှုပ်ရှားမှု ဒီကနေ့ (သြဂုတ် ၈) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရေဘဝဲ

သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring

စစ်အာဏာသိမ်းမှုကို ဆန္ဒပြရင်း ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အထက (၅) ကျောင်းရှေ့မှာ “ရေဘဝဲ” (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ တော်လှန်လူငယ်တွေက ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ် လှုပ်ရှားမှု ဒီကနေ့ (သြဂုတ် ၈) ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်က လုံခြုံရေးတင်းကြ​ပ်နေတဲ့ကြား​မှ တော်လှန်လူငယ်တွေက “8888” ဘန်နာစာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြသော အရေးတော်ပုံကျောင်းသားတွေရဲ့ အတွေ့အကြုံကောင်းတွေနဲ့ ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းကို လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးရဲဘော်တွေရဲ့ အတွေးအမြင်သစ်တွေကို ပေါင်းစပ်ကာ တော်လှန်ရေးတိုက်ပွဲ နည်းနာမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်တွေနဲ့အတူ မပြီးဆုံးသေးတဲ့တာဝန်တွေကို ကျရာကဏ္ဍမှ ထမ်းရွက်သွားမည်ဖြစ်ကြောင်းလည်း ရေဘဝဲအဖွဲ့က ကတိသစ္စာပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ​စစ်တပ်အာဏာသိမ်းမှုကို ပြည်သူ​တွေကငြိမ်းချမ်းစွာ ဆန္ဒပြ ကန့်ကွက်ခဲ့ရာမှာ ရန်ကုန် မြို့ ၊ ကမာရွတ် အ.ထ.က(၅) ​​ကျောင်းရှေ့ လှည်းတန်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်က ရဲနဲ့စစ်သား​တွေက ​သေနတ်အစစ်​တွေနဲ့ ပစ်ခတ်ခဲ့ကြောင့် အိုင်တီကျွမ်းကျင်လူငယ် ကိုညီညီ​အောင်ထက်နိုင်ကျဆုံးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။