Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် တောင်ကိုရီးယားရောက်မြန်မာတွေ ချီတက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - MFDMC

သြဂုတ် ၉၊၂၀၂၆။သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးအထူးသံတမန် အီဆောင်ဟွန်း(Lee Seonghoon) လည်း တက်ရောက်ပြီး မိန့်ခွန်း ပြောကြားရာ ကိုရီးယားပြည်သူတွေအနေနဲ့ မြန်မာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးအနက်ထားပါကြောင်း၊ ပြည်သူတွေနဲ့အတူ ရပ်တည်နေပါကြောင်း၊ ဒီမိုကရေစီရေးအတွက် အားမလျှော့ကြဖို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားရောက် မြန်မာတွေက အရပ်ဝတ်လဲအစိုးရဟာ အာဏာသိမ်းအစိုးရသာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနဲ့လွှတ်တော်ဟာ ဒီမိုကရေစီ အတုအယောင်သာ ဖြစ်ကြောင်း၊ မင်းအောင်လှိုင်ရဲ့ရက်တရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျဆုံးကြောင်း၊ အာဆီယံအသင်းရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း အချက် ၅ ချက်ကို ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုက်အဝန်းမှ တရားမဝင် စစ်ကောင်စီအား ငြင်းပယ်ဖို့၊ စစ်ကောင်စီ အကျိုးပွားစေမယ့် စီးပွားရေးနဲ့ လက်နက်ရောင်းဝယ်မှုတွေ ပိတ်ဆို့ဖို့၊ တရားဝင် ပြည်သူ့အင်အားစုတွေ ဖြစ်တဲ့ NUG နဲ့ SCEF ကို အသိအမှတ်ပြုဖို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ဖို့ အချက်ငါးချက်ကိုလည်း တောင်းဆိုခဲ့ကြောင်း MFDMC က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်ကလည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီ သံရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဒီဆောင်းပါးကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ ရေးသားလာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် စာရေးဆရာတစ်ဦးဖြစ်ပြီး လက်ရှိ Fortify Rights မှာ Senior Director အဖြစ် တာဝန်ယူနေတဲ့ ဘန်နီဒစ် ရော်ဂျာစ် (Benedict Rogers) က ရေးသားထားတာ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအတွက်...