Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုလံဘီယာမှာ မဂ္ဂနီကျု ၇.၄ ငလျင်လှုပ်ပြီး ၁၃၀ ကျော်သေဆုံး၊ သေဆုံးစာရင်း ဆက်တိုက် တိုးလာနေ

ကိုလံဘီယာ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၄ အဆင့် ဖျက်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၀ ကျော်ထိ ဆက်တိုက် မြင့်တက်လာနေသလို ထိခိုက်ပျက်စီးမှု အများအပြားလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကိုလံဘီယာ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၄ အဆင့် ဖျက်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၀ ကျော်ထိ ဆက်တိုက် မြင့်တက်လာနေသလို ထိခိုက်ပျက်စီးမှု အများအပြားလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့က ကိုလံဘီယာ အနောက်ပိုင်း၊ ချိုကို ပြည်နယ်ထဲက ဆန်ဟိုဆေး ဒယ်လ်ပါမာ ဧရိယာ တဝိုက်ကို ဦးတည်ပြီး ငလျင်ကြီး လှုပ်ခတ်သွားခဲ့တာပါ။ အဲဒီ ငလျင်ဟာ လက်ရှိ ရာစုနှစ်အတွင်း တောင်အမေရိက ဒေသတွင်း နိုင်ငံမှာ လှုပ်ခတ်ဖူးသမျှ အပြင်းဆုံး ငလျင်အဖြစ်လည်း မှတ်တမ်းဝင်လာပါတယ်။

ဩဂုတ် ၁၁ ရက် မနက်ပိုင်းထိ အခြေအနေအရ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၇၀ လောက် စာရင်းရထားပါတယ်။ ပြီးတော့ သေဆုံးစာရင်းက ဆက်တိုက် တိုးလာနေကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။ ပျက်စီးမှု ပမာဏကို အတိအကျ မသိရသေးပေမယ့် စာရင်းရထားသလောက်ဆိုရင် ပြိုကျသွားတဲ့ အဆောက်အအုံကြီးတွေ ၆၀ ကျော်လောက်ရှိပြီး အိမ်ပေါင်း ၁၅၀၀ လောက် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကော်ဖီ အဓိက စိုက်ပျိုးထုတ်လုပ်ရာ ရီဆာရယ်လ်ဒါနဲ့ ဗယ်လီဒယ်လ် ကော်ကာ ဒေသတွေမှာ အသေအပျောက်နဲ့ ထိခိုက်မှု အခြေအနေတွေ အဆိုးဆုံးလို့ ယုံကြည်ရပြီး ငလျင်ဗဟိုချက်ရဲ့ အရှေ့ဖက် မိုင် ၁၅၀ လောက် အကွာမှာရှိတဲ့ ဘိုဂိုတာ မြို့တော်မှာလည်း အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ကာလီ၊ မက်ဒယ်လင်းစတဲ့ မြို့တွေလည်း ငလျင်ရဲ့ လှုပ်ခတ်မှုဒဏ်ကို သက်ရောက် ခံစားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကိုလံဘီယာ သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုထားတာ ၃ ရက်ပဲ ကြာသေးတဲ့ အဘယ်လာဒို ဒီလာ အက်စ်ပရဲလားဟာ ငလျင်အပြီးမှာ နိုင်ငံကို အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သဘာဝ ဘေးအန္တရာယ် တားဆီးရေးနဲ့ ပြန်လည် ထူထောင်ရေး ရန်ပုံငွေတွေကို ငလျင်ဘေးသင့် ဒေသတွေဆီ မြန်မြန်ဆန်ဆန် လွှဲပြောင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကုလသမဂ္ဂ (UN)နဲ့ ကမ္ဘာ့နိုင်ငံ တချို့ကလည်း ကိုလံဘီယာ အစိုးရဆီကို အကူအညီတွေပေးဖို့ ကမ်းလှမ်းထားကြပါတယ်။

ငလျင်ကြောင့် ပျက်စီးတဲ့ စာရင်းထဲမှာ လမ်းမကြီး ၁၈ ခုနဲ့ လေဆိပ် ၆ ခုတို့လည်း ပါဝင်ခဲ့ပါတယ်။ လေဆိပ်တွေမှာ ကြံ့ခိုင်မှု ပြန်လည် ဆန်းစစ်နေချိန် အတောအတွင်း လေယာဉ် ခရီးစဉ်တွေကိုလည်း ဆိုင်းငံ့ထားပါတယ်။

ငလျင်ဘေးသင့် ဒေသတွေမှာတော့ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေ အောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေပါတယ်။ ငလျင်ဟာ ပြင်းအား မဂ္ဂနီကျု ၇.၄ ရှိပြီး မြေနက်ပိုင်း ၁၀၃ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့တဲ့တိုင်အောင် မြေပြင်ပေါ်မှာ ထိခိုက်သက်ရောက်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့ပါတယ်။

ငလျင်ရဲ့ဒဏ်ကို အိမ်နီးချင်း ဗင်နီဇွဲလား၊ အီကွေဒေါ၊ ပနားမားတို့ကပါ သိရှိခံစားခဲ့ရပါတယ်။ အဓိက ငလျင်ကြီး အပြီးမှာတော့ ပြင်းအားအမျိုးမျိုးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဆက်တိုက် လှုပ်ခတ်နေပါတယ်။

ဇွန်လကုန်တုန်းကလည်း တောင်အမေရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဗင်နီဇွဲလားမှာ မဂ္ဂနီကျု ၇.၂ နဲ့ ၇.၅ အဆင့် ဖျက်အားပြင်း ငလျင်ကြီးနှစ်ခု စက္ကန့်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့တာကြောင့် လူ ၆၀၀၀ ကျော် သေဆုံးပြီး နောက်ထပ် ထောင်နဲ့ချီတဲ့ အရေအတွက်ကလည်း အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဂ္ဂနီကျု့ ၇.၄ အဆင့်ရှိတဲ့ဖျက်အားပြင်းငလျင်ကြီးဒီနေ့ (သြဂုတ်လ ၁၀ ရက်)မနက်ပိုင်းကကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာလှုပ်ခတ်ရာ အနည်း ဆုံး လူ ၂၉ ဦးသေဆုံးထားပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ သမ္မတသစ်ဟာ ရာထူးလက်ခံတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြို့တော် ဘိုဂိုတာအစား တရားမဝင် လက်နက်ကိုင် အင်အားစုတွေ လှုပ်ရှားနေရာ နိုင်ငံအနောက်တောင်ပိုင်းက ကာလီမြို့မှာ ကျင်းပစေခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။