Connect with us

Hi, what are you looking for?

သတင်း

သံဃာတွေ လူမှုကွန်ရက်မှာ မသင့်​လျော်တာတွေ မတင်ဖို့ မဟနအဖွဲ့ တားမြစ်

သံယာတော်တွေအနေနဲ့ လူမှုကွန်ရက်မှာ သာသနာနဲ့ မဆိုင်တဲ့ မသင့်လျော်တာတွေ မတင်ကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)က တားမြစ်လိုက်ပါတယ်။

(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပထမအစည်းအဝေးအား တွေ့ရစဥ်။ ဓါတ်ပုံ-MOI)

သြဂုတ် ၁၄၊ ၂၀၂၆။ မေရီ/People’s Spring

သံယာတော်တွေအနေနဲ့ လူမှုကွန်ရက်မှာ သာသနာနဲ့ မဆိုင်တဲ့ မသင့်လျော်တာတွေ မတင်ကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)က တားမြစ်လိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မတရားတဲ့ လုပ်ရပ်တွေအ​ပေါ် နှုတ်ဆိတ်နေလို့ ဝေဖန်ခံနေရတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်က ကျင်းပခဲ့တဲ့ နဝမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပထမအစည်းအဝေးက ဆုံးဖြတ်ချက် အချက် ၅ ချက်ကို ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ခဲ့ရာမှာ နံပါတ် ၂ အချက်အနေနဲ့ အထက်ပါအချက်ကိုပါ ထည့်သွင်းခဲ့တာပါ။

ရဟန်း၊ သာမဏေ၊ သီလရှင်တွေ လူမှုကွန်ရက် စာမျက်နှာမှာ သာသနာတော်နဲ့ မသင့်လျော်တာတွေ ပြုမူလွှင့်တင်မှုတွေ မပြုစေရေးဆိုပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တားမြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရဟန်းသံဃာတွေ မာတုဂါမ(အမျိုးသမီး)နဲ့ ငြိစွန်းတဲ့ ဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့လည်း ထုတ်ပြန်ချက်မှာ တားမြစ်ထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်အပါအဝင် ဘုန်းကြီးတချို့တွေ၊ မဘသဘုန်းကြီးတချိူ့တွေဟာ လူမှုကွန်ရက်တွေဖြစ်တဲ့ Tiktok နဲ့ Facebook စာမျက်နှာ​တွေမှာ အမျိုးသားရေးအကြောင်းပြ ဘာသာရေးခွဲခြားတာတွေ၊ စစ်တပ်ထောက်ခံရေး ဟောပြောတာတွေ၊ ပျူစောထီးတွေရဲ့လှုပ်ရှားမှုတွေနဲ့ PDF တွေကို ဝေဖန်တိုက်ခိုက်တာတွေ ပြောဆိုလေ့ရှိပါတယ်။

“တားမြစ်ထားတဲ့အချက်​တွေနဲ့ ငြိနေတာ သိရဲသားနဲ့ ကိုယ့်လူဖြစ်နေလို့ အရေးမယူတာ၊ မသိချင်ယောင်ဆောင်တာတွေ လုပ်နေရင်တော့ သာသနာအတွက်မကောင်းဘူး”လို့ သံဃာတော်တစ်ပါးက မိန့်ပါတယ်။

ဒါ့အပြင် ရဟန်း၊ သာမဏေ၊ သီလရှင်တွေ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်မှုတွေ၊ မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှု စတဲ့ပြစ်မှုတွေ မကျူးလွန်စေရေး၊ ဘုရား၊ စေတီ၊ ပုထိုး၊ ရုပ်ပွားတော်တွေ ပြုပြင်တာ၊ အသစ်တည်ထား ကိုးကွယ်တာတွေမှာလည်း မဟာဗုဒ္ဓဝင်ကျမ်း၊ ဌာပနာပုံကျမ်း၊ သတ္တု ရူပက ဝိလာသနီကျမ်း၊ ပိသုကာကျမ်း စတဲ့သတ်မှတ်စံချိန်စံညွှန်း SOPတွေနဲ့အညီ တည်ထားရေး၊ ဘုရား၊ စေတီ၊ ပုထိုးတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတွေ သန့်ရှင်းသပ်ရပ် ကြည်ညိုဖွယ်ဖြစ်စေရေး စတဲ့အချက်တွေပါ ထုတ်ပြန်ထားပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေကို တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ)တွေက မြို့နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ)တွေဆှ အသိပေးလျှောက်ထားကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

လူမှုကွန်ရက်တွေနဲ့ ဗီဒီယို မျှဝေမှု ကွန်ရက်တွေဟာ အမေရိကန်မှာ သတင်းတွေရဲ့ ပင်မရင်းမြစ်တွေအဖြစ် စတင် နေရာယူလာကြောင်း သိရပါတယ်။

သတင်း

ဖျက်အားပြင်း​မြေငလျင်ကြီးလှုပ်​နေစဥ် မန္တ​လေးမြို့မှ မိသားစုဝင်အားလုံး​ဘေးကင်း​အောင် ​စောင့်​ရှောက်​ပေးခဲ့တဲ့ ဖခင်တစ်ဦးကို လူမှုကွန်ယက်အသုံးပြုသူ​တွေက ချီးကျူး​နေကြပါတယ်။

နိုင်ငံတကာ

အမေရိကန်က ဆန္ဒရှိတယ်ဆိုရင် ကုန်သွယ်ရေး စစ်ပွဲသာ မကဘဲ ဘယ်လို စစ်ပွဲမျိုးကိုမဆို ဆင်နွှဲဖို့ အသင့်ရှိကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။