Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းဆေးကုသခွင့်မလုံလောက်လို့နိုင်ကျဉ်းအမျိုးသမီးကြီးဆုံးပါး

စစ်ကိုင်းတိုင်း၊ရွှေဘိုအကျဉ်းထောင်မှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေး အကျဉ်းသူတစ်ဦးထောင်တွင်းလုံလောက်တဲ့ဆေးဝါးကုသမှုမရခဲ့တာကြောင့်မနေ့ (ဩဂုတ်လ ၁၃ ရက်)မှာကျဆုံးသွားတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)ကထုတ်ပြန်အသိပေးထားပါတယ်။

ဓာတ်ပုံ - CJ

သြဂုတ် – ၁၄ ၊၂၀၂၆ /People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုအကျဉ်းထောင်မှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေး အကျဉ်းသူတစ်ဦးထောင်တွင်းလုံလောက်တဲ့ဆေးဝါးကုသမှုမရခဲ့တာကြောင့်မနေ့ (ဩဂုတ်လ ၁၃ ရက်)မှာကျဆုံးသွားတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)ကထုတ်ပြန်အသိပေးထားပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိသက်ကြီးပိုင်းနိုင်ငံရေးအကျဉ်းသူဟာအစာအိမ်ကင်ဆာရောဂါခံစားနေရတာကြောင့်ဆေးဝါးကုသခွင့်ရဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့်အကျဉ်းထောင်ဘက်က ဆောလျင်စွာခွင့်ပြုမပေးခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသူရဲ့ရောဂါအခြေအနေဆိုးရွားလာချိန်ပြီးခဲ့တဲ့မေလ လောက်မှသာပြင်ပဆေးရုံမှာဆေးကုသခွင့်ရခဲ့ပေမယ့် ရောဂါ ကျွမ်းပြီး ကျဆုံးခဲ့ရတာလို့ WOPP အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒိီနိုင်ငံရေးအကျဉ်းသူကိုပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ခုနှစ် နှစ်ချခဲ့တာဖြစ်ပြီး ချုပ်နှောင်မခံရခင်ကတည်းကဗိုက်အောင့်ဝေဒနာ ခံစားနေရသူပါ။

စစ်အာဏာသိမ်းပြီးနောက်နိုင်ငံတဝန်းရှိအကျဉ်းထောင် ၃၂ ခုမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၈၃ ဦး သေဆုံးခဲ့ပြီး၊ အဲဒီထဲက ၁၄၈ ဦးဟာဆိုရင်အချိန်မီဆေးကုသခွင့်မရတာ၊ထောင်တွင်းဆေးဝါးကုသမှုမလုံလောက်တာတွေကြောင့်သေဆုံးခဲ့ရတာလို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အချက်အလက်တွေအရ သိရပါတယ်။

အဲဒီစာရင်းက၂ဝ၂၁ ခုနှစ် ဇူလိုင်လကနေ ၂ဝ၂၆ ခုနှစ် မေလအထိ ငါးနှစ်နီးပါးအတွင်း ကောက်ယူထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်နှိပ်စက်ပြီး ၃ ဦးတိုက်ပိတ်ခံထားရကာ ဆေးကုသခွင့်လည်း ပိတ်ပင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက်(Justice Network For Political Prisoners)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

Trending

Facebook