Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ကျေးရွာတွေ မီးရှို့ပြီး ‌ဒေသခံ ၃၀ နီးပါး ဖမ်းဆီးထား

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး ကျေးရွာတွေ မီးရှို့ကာ ‌ဒေသခံ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

ဩဂုတ်-၁၆ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး ကျေးရွာတွေ မီးရှို့ကာ ‌ဒေသခံ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

ဒီကနေ့(ဩဂုတ် ၁၆ ရက်)မနက်ပိုင်းကစပြီး ဆော-ဆိပ်ဖြူလမ်းပိုင်းအနီး ဆိပ်ဖြူမြို့အနောက်ခြမ်းက တဲကြီးကျေးရွာကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး၀င်လာတာလို့ ဆိုပါတယ်။

“မနက် ၆ နာရီလောက်က စ၀င်တာ။ရွာကိုမီးရှို့နေတယ်။ လူငယ်တွေ အပါအဝင် လူ ၃၀လောက် အဖမ်းခံထားရတယ်”လို့ ဆိပ်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးဖို့အတွက် စစ်တပ်က ဆော-ဆိပ်ဖြူလမ်းပိုင်းတလျှောက်ကို မနေ့က(ဩဂုတ် ၁၅ ရက်) ကတည်းက အင်အားဖြည့်နေတာလို့ ‌ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ခံ ကိုသူရိန်က အသိပေးပါတယ်။

“ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)၂၁ နဲ့ ၂၂ လမ်း ပိုင်းတွေကို နယ်မြေရှင်းလာတယ်လို့ လတ်တလောကြားရတယ်။အင်အားများတယ်။အသေးစိတ်ကို ထပ်စုံစမ်းနေဆဲ”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အမှတ်(၂၁)ကာ ကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁ )နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်းတိုက်ခံတာတွေအပြင် ရဲကွန်မန်ဒိုတွေ လိုက်ပါလာတဲ့ယာဉ်တချို့မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေရှိခဲ့ပါတယ်။

ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။

အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂ )မှာ လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင် ရောက်ကာ နွားထိုး- မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Trending

Facebook