Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုခရိုင်မှာ ရေကြီးမှုကြောင့် စပါးစိုက်ဧက သိန်းချီ ပျက်စီးနိုင်ဟု တောင်သူတွေပြော

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧကပေါင်း သိန်းနဲ့ချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

(စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေမြုပ်နေတဲ့ ကျေးရွာတွေနဲ့ စပါးခင်းများအား တွေ့ရစဥ်။ ဓာတ်ပုံံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

သြဂုတ် ၁၆၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧကပေါင်း သိန်းနဲ့ချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

​ရေ​ဘေးဒဏ် အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းက ရွှေဘိုခရိုင်ဟာ မိုးစပါးကို ဧကပေါင်း (၃.၅) သိန်းကျော် အထိ အဓိကထား စိုက်ပျိုးကြပြီး စစ်ကိုင်းတိုင်းအတွင်း စပါးစိုက်ဧက အများဆုံးခရိုင်ဖြစ်ကြောင်း၊ ယခုရေကြီးရေလျှံမှုကြောင့် ဧကပေါင်း သိန်းချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

“စပါးစိုက်ဧက သိန်းချီ ပျက်စီးနိုင်တယ်”လို့ ဒေသတွင်းတောင်သူတွေကိုပါ ကူညီနေတဲ့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စပါးအပြင် အခြားစိုက်ပျိုးသီးနှံတွေလည်း ရေမြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “စပါးစိုက်ပြီးသားတွေရော ပျိုးပင်တွေရော တခြားသီးနှံတွေရောပါ ပျက်စီးတာ။ အတိအကျ စုံစမ်းဆဲမို့ပါ”လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။

စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီး ရေ​ဘေးရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​

ရွှေဘိုခရိုင်မှာ စစ်တပ်အာဏာမသိမ်းမီက သတ်မှတ်ချက်အရ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဒီပဲယင်းမြို့တို့ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Trending

Facebook