Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် ရေမြက်ရွာသို့ဝင်​ရောက်ဖျက်ဆီးစဥ် ထွက်​ပြေးခဲ့​သော အသက်(၁၀၀)အရွယ်​ဒေါ်​အေးမှတ် လမ်းခုလတ်တွင်ကွယ်လွန်

ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွား ဒေါ်အေးမှတ်သည် စစ်ဘေးရှောင်ရင်း သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကိုပင် မကောက်ရသေးကြောင်း ယနေ့(ဒီဇင်ဘာ ၂၃ရက်)အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်​ကြောင့်ထွက်​ပြေးစဥ်ကွယ်လွန်ခဲ့​သောအသက် ၁၀၀ အရွယ်အဘွား​ဒေါ်​အေးမှတ်)

အကြမ်းဖက်စစ်ကောင်စီက ရေဦးမြို့နယ် ရေမြက်ရွာသို့ စစ်​ကြောင်းထိုးဝင်​ရောက်ပြီး မီးရှို့ဖျက်ဆီးသဖြင့် ထွက်ပြေးခဲ့ရသော အသက် (၁၀၀)နှစ်အရွယ် ဒေသခံအဘွားအိုတစ်ဦးသည် လမ်းခုလတ်မှာတွင်ကွယ်လွန်သွားသည်ဟု ဒေသခံများက ပြောသည်။

ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွား ဒေါ်အေးမှတ်သည် စစ်ဘေးရှောင်ရင်း သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကိုပင် မကောက်ရသေးကြောင်း ယနေ့(ဒီဇင်ဘာ ၂၃ရက်)အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

” အမေကြီး ဒေါ်အေးမှတ်က ပြေးတော့ပြေးတယ်။ မြောင်းကြားတခုရောက်တော့ မပြေးနိုင်တော့ဘူး။ နေရစ်တော့မယ်ဆိုပြီးနေရစ်ခဲ့တာ။ အအေးပတ်တာရော၊ လူကြီးဆိုတော့ခံနိုင်ရည်မရှိတာရော ကြောင့် ဆုံးပါးသွားတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ဒေါ်အေးမှတ်သည် ရေမြက်ကျောင်းဆရာတော်၏ အမေ ရဟန်းဒါယကာမလည်းဖြစ်​ကြောင်းဒေသခံများကပြောသည်။ရေမြက်ရွာကိုအကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး လေကြောင်းလည်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်ရင်း လူစုကွဲပြီး အဘွားဒေါ်အေးမှတ်ပျောက်ဆုံးနေချိန်တွင် တွေ့ရှိပါကအကြောင်းကြားရန် မိသားစုဝင်အချို့က လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂၁ရက်တွင် ​ဖေစ်ဘွခ်ဘူမှုကွန်ယက်တွင်တင်ခဲ့သေးသည်။ နောက်တစ်နေ့တွင်မှ လမ်းဘေးတစ်နေရာတွင် သေဆုံးနေသည့်သတင်းကြားရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်က ကွယ်လွန်သွားခြင်းဖြစ်နိုင်​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

နေအိမ် ၆၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသလို​ ဒေသခံများပိုင်ဆိုင်သော ကားနှစ်စီး နှင့် ဆိုင်ကယ်များကိုပါ မီးပုံရှို့သွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦးမြို့နယ်)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်သည်။

ယခုအခါ ရေဦးမြို့နယ်အတွင်းရှိ လေးရွာနှင့်ပလူဇဝရွာအပါအဝင် ရွာကိုးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ အကြမ်းဖက်ရန်ပြုမှုကြောင့် ဘေးလွတ်ရာ ထွက်​ပြေးရှောင်တိမ်းနေကြရကြောင်း ပြသူ့ကာကွယ်​ရေးအဖွဲ့-ပကဖ(ရေဦး)က ထုတ်ပြန်ထားသည်။

ထို့အပြင် ကျေးရွာအတွင်း လျှပ်စစ်မီးကြိုးများ ပြတ်ကြနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်းသို့ မဝင်ရောက်ကြသေးရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook