Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ် ရေမြက်ရွာသို့ဝင်​ရောက်ဖျက်ဆီးစဥ် ထွက်​ပြေးခဲ့​သော အသက်(၁၀၀)အရွယ်​ဒေါ်​အေးမှတ် လမ်းခုလတ်တွင်ကွယ်လွန်

ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွား ဒေါ်အေးမှတ်သည် စစ်ဘေးရှောင်ရင်း သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကိုပင် မကောက်ရသေးကြောင်း ယနေ့(ဒီဇင်ဘာ ၂၃ရက်)အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်​ကြောင့်ထွက်​ပြေးစဥ်ကွယ်လွန်ခဲ့​သောအသက် ၁၀၀ အရွယ်အဘွား​ဒေါ်​အေးမှတ်)

အကြမ်းဖက်စစ်ကောင်စီက ရေဦးမြို့နယ် ရေမြက်ရွာသို့ စစ်​ကြောင်းထိုးဝင်​ရောက်ပြီး မီးရှို့ဖျက်ဆီးသဖြင့် ထွက်ပြေးခဲ့ရသော အသက် (၁၀၀)နှစ်အရွယ် ဒေသခံအဘွားအိုတစ်ဦးသည် လမ်းခုလတ်မှာတွင်ကွယ်လွန်သွားသည်ဟု ဒေသခံများက ပြောသည်။

ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွား ဒေါ်အေးမှတ်သည် စစ်ဘေးရှောင်ရင်း သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကိုပင် မကောက်ရသေးကြောင်း ယနေ့(ဒီဇင်ဘာ ၂၃ရက်)အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

” အမေကြီး ဒေါ်အေးမှတ်က ပြေးတော့ပြေးတယ်။ မြောင်းကြားတခုရောက်တော့ မပြေးနိုင်တော့ဘူး။ နေရစ်တော့မယ်ဆိုပြီးနေရစ်ခဲ့တာ။ အအေးပတ်တာရော၊ လူကြီးဆိုတော့ခံနိုင်ရည်မရှိတာရော ကြောင့် ဆုံးပါးသွားတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ဒေါ်အေးမှတ်သည် ရေမြက်ကျောင်းဆရာတော်၏ အမေ ရဟန်းဒါယကာမလည်းဖြစ်​ကြောင်းဒေသခံများကပြောသည်။ရေမြက်ရွာကိုအကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး လေကြောင်းလည်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်ရင်း လူစုကွဲပြီး အဘွားဒေါ်အေးမှတ်ပျောက်ဆုံးနေချိန်တွင် တွေ့ရှိပါကအကြောင်းကြားရန် မိသားစုဝင်အချို့က လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂၁ရက်တွင် ​ဖေစ်ဘွခ်ဘူမှုကွန်ယက်တွင်တင်ခဲ့သေးသည်။ နောက်တစ်နေ့တွင်မှ လမ်းဘေးတစ်နေရာတွင် သေဆုံးနေသည့်သတင်းကြားရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်က ကွယ်လွန်သွားခြင်းဖြစ်နိုင်​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

နေအိမ် ၆၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသလို​ ဒေသခံများပိုင်ဆိုင်သော ကားနှစ်စီး နှင့် ဆိုင်ကယ်များကိုပါ မီးပုံရှို့သွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦးမြို့နယ်)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်သည်။

ယခုအခါ ရေဦးမြို့နယ်အတွင်းရှိ လေးရွာနှင့်ပလူဇဝရွာအပါအဝင် ရွာကိုးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ အကြမ်းဖက်ရန်ပြုမှုကြောင့် ဘေးလွတ်ရာ ထွက်​ပြေးရှောင်တိမ်းနေကြရကြောင်း ပြသူ့ကာကွယ်​ရေးအဖွဲ့-ပကဖ(ရေဦး)က ထုတ်ပြန်ထားသည်။

ထို့အပြင် ကျေးရွာအတွင်း လျှပ်စစ်မီးကြိုးများ ပြတ်ကြနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်းသို့ မဝင်ရောက်ကြသေးရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။