Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ရဲစခန်းတစ်ခုကို ပြည်သူ့ကာကွယ်​ရေးတပ် အလစ်ငိုက်ဝင်တိုက် စစ်​ကောင်စီတပ် ၃ ဦး​သေ

ဒီဇင်ဘာ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် သရက်ကန်ရဲစခန်းကို ရှော့တိုက် ဒုန်း(၂)လုံး အသုံး ပြု၍ ကနဦးတိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ၎င်းက ဆက်​ပြောသည်။

မကွေးတိုင်း၊ပေါက်မြို့နယ် သရက်ကန် ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့​တော်လှန်​ရေးတပ်မ​တော်-PRAက အလစ်ငိုက်ဝင်တိုက်ရာ စစ်သားသုံးဦးသေဆုံးကြောင်း PRA ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

ဒီဇင်ဘာ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် သရက်ကန်ရဲစခန်းကို ရှော့တိုက် ဒုန်း(၂)လုံး အသုံး ပြု၍ ကနဦးတိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ၎င်းက ဆက်​ပြောသည်။

“မြိုင် နဲ့ ပေါက်ကို လည်း အခုရက်ပိုင်းမှာ စခ (စစ်​ခွေး) အင်အား ၁၀၀ ကျော် ၂၀၀ လောက် လာတိုးထားတာ။သူတို့က သရက်ကန် ရဲစခန်းမှာအထိုင်ချတယ်ဆိုတာ သိရကတည်းက မနက်အစောကြီး အလစ်ငိုက်ဝင်တိုက်ခဲ့တယ်။ ဒဏ်ရာရတဲ့ စစ်သားတွေလည်း များတယ်”ဟု ဗိုလ်ဂျပန်ကတိုက်ပွဲအ​ကြောင်းရှင်းပြသည်။

အဆိုပါတိုက်ပွဲတွင် PRA နှင့်အတူ Myaing PDF က ပူးပေါင်း တိုက် ခိုက်ခဲ့ပြီး ရဲဘော် တစ်ဦးတစ်ယောက်မျှ ထိခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၁ ရက်ကလည်း ပေါက် နှင့် မြိုင် မြို့နယ် အစပ် တွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂၀ ဦးထက် မနည်း သေဆုံးကြောင်း Myaing PDF က ထုတ်ပြန်ထားသည်။

မြိုင် နှင့် ပေါက်၏ စစ်မြေပြင်အနေအထားသည် တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် မိဘပြည်သူများ၏ အကူအညီများလိုအပ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်၏ရန်မှ သတိထားနေထိုင်ရန် Myaing PDF က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်