Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့အနီး တိုက်ပွဲဆက်ပြင်းထန်၊ စစ်တပ်က ဗုံးကြဲနေ

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီး ဒီနေ့သြဂုတ်၂၀ရက်မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရွှေကူမြို့နယ် တိုက်ပွဲတွေမှာ စစ်တပ် မီးရှို့ဖျက်ဆီးလို့ ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - People Defense Force - ShweGu)

ဩဂုတ်-၂၀၊၂၀၂၆။စိုင်းနောင်/ People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီး ဒီနေ့သြဂုတ်၂၀ရက်မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဟာ နေရာ ၃ခုထက်မနည်းမှာဖြစ်နေပြီး ရွှေကူမြို့၊ ဧရာဝတီမြစ်တဖက်ကမ်းက ဆင်တပ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက ဖြစ်နေတာ။ ဒီမနက် အသံပိုကျယ်တယ်။ မနက် ၁၀နာရီကျော်မှာ လေယာဉ်လာကြဲတာ။ လူထိခိုက်တယ်တော့မကြား သေးဘူး”လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေကူမြို့အနီးမှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေပြီး သြဂုတ်လဆန်းကတိုက်ပွဲမှာ စစ်တပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊KPDFက သိမ်းယူခဲ့ပါတယ်။တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်တာနဲ့ စစ်တပ် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သား ၁၅ဦးခန့်ရှိလာပြီ ဖြစ်ပါတယ်။

ဇွန်လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီး ၂လုံးကျရောက်ပေါက်ကွဲခဲ့လို့အရပ်သား ၄ဦးသေဆုံးခဲ့ပါတယ်။

ဇူလိုင်လ ၂၂ရက်ကလည်း ပင်စင်ကုန်းရပ်ကွက်ကို စစ်တပ် ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦးထပ်မံသေဆုံးခဲ့ပါတယ်။ ဇူလိုင်၂၆ရက်က ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးရွာကို စစက်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်ခဲ့လို့ ကလေးငယ် ၁ဦးအပါအဝင် အရပ်သား ၂ဦးသေဆုံးခဲ့ပါတယ်။

စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဖြစ်နေသလို ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူတွေလည်း ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

မြို့ထဲမှာတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းတွေကို KIA ၊KPDFက ဝိုင်းပိတ်တိုက်ခိုက်ဖို့ကြိုးစားနေပြီး မြို့အနီးမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ် ။ စစ်တပ်က မြို့ထဲကနေလက်နက်ကြီးတွေ နေရောညပါပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွှေကူမှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကဇွန်လ ၈ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ရွှေကူမြို့နဲ့ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်က မိုးမိတ်နဲ့မဘိမ်းမြို့နယ်မှာလည်း စစ်ရေးတင်းမာနေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေပါတယ်။ မိုးမိတ်နဲ့မဘိမ်းမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

မဘိမ်းမြို့မှာ ဒေသခံတွေရေ ဘေးကြုံတွေ့နေစဉ် ဇူလိုင် ၂၈ ရက်ကနေ သြဂုတ် ၈ရက်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က သြဂုတ် ၁၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအသေးစိတ်အခြေအနေကို KIAက သတင်းမထုတ်ပြန်သေးပေမယ့် လုံခြုံရေးအန္တရာယ်သတိပြုနေထိုင်ကြဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

Trending

Facebook