Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့‌က စစ်တပ်ရဲ့ ဆင်ကျူံးစစ်ဆေးရေးဂိတ်ကို PDF ဒရုန်းနဲ့ တ်ိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

Screenshot

ဩဂုတ်-၂၀ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၉ရက်​​ ညနေ ၆နာရီ၀န်းကျင်မှာ စလင်းမြို့‌ ပေါ် ၀က်သည်းကန်အနီးက စစ်တပ်ရဲ့ ဆင်ကျူံး စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ တ်ိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား၊ရဲ နဲ့ပျူစောထီးအဖွဲ့က ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။ အဲဒီထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

“ဆင်ကျူံးဂိတ်က စလင်းမြို့ထဲ စစ်တပ်အထိုင်ချတာ အဓိကကျတဲ့နေရာထဲမှာပါတယ်။ပစ္စည်းတွေ၊ဆေးဝါး၊ဆန်၊ ဆီတွေမတရားဖမ်းသိမ်း တာတွေရှိသလို မြို့တွင်းထဲ လာရောင်းတဲ့တောင်သူတွေကိုလည်း ကားသိမ်းငွေညှစ် ပစ္စည်းသိမ်းတာမျိုးတွေလဲ လုပ်တယ်”လို့ စလင်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒရုန်းစစ်ဆင်ရေးကို မင်းဘူးခရိုင်စစ်ဌာနရဲ့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းနဲ့ တပ်ရင်း Drone လက်ရုံးအဖွဲ့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု ဩဂုတ်အတွင်း အာဏာသိမ်းစစ်တပ်က စလင်းမြို့နယ်တွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပြီး အရပ်သားတချို့ ထိခိုက်သေဆုံးတာ ရှိပါတယ်။

ဒါ့အပြင် စလင်းမြို့အနီးက ဒေသခံ ၁၀ဦးကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အဲဒီသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကို ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက စုံစမ်းနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ရဲ့တောင်ဘက်မှာအာဏာသိမ်းစစ်တပ်ရဲ့လက် နက်ကြီးပစ်ခတ်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DK BA)တပ်ဖွဲ့ဝင်တွေအချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းကရင်သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။