Connect with us

Hi, what are you looking for?

News

ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ ၀င် ဦးမြမောင်အား ယနေ့(ဒီဇင်ဘာ ၂၃ရက်)နံနက် ၅နာရီခွဲတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမြမောင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ ၀င် ဦးမြမောင်အား ယနေ့(ဒီဇင်ဘာ ၂၃ရက်)နံနက် ၅နာရီခွဲတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ – KNU

ဦးမြမောင်သည် နတ်သံကွင်းမြို့အတွင်း လက်ဖက်ရည်ဆိုင်ထဲ၌ ရှိနေစဉ် အမည်မသိ ၊အဖွဲ့အစည်းမသိ ရသည့် လူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး ဦးမြမောင်ကို ပစ်သတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဖော်ပြထားသည်။သို့​သော် မည်သည့်အတွက်ကြောင့် ပစ်သတ်ခံရသည်ကိုမူ မသိရသေးဟု ဆိုသည်။

ဦးမြမောင်သည် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် တာဝန်ပေးခြင်းခံရသူဖြစ်ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်၂၀၁၁ ခုနှစ်ကလည်း ပဲခူးတိုင်းအစိုးရမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသူဖြစ်ပြီး KNUနှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားခဲ့သူများထဲတစ်ဦး အပါအဝင်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။