Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ ၀င် ဦးမြမောင်အား ယနေ့(ဒီဇင်ဘာ ၂၃ရက်)နံနက် ၅နာရီခွဲတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမြမောင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ ၀င် ဦးမြမောင်အား ယနေ့(ဒီဇင်ဘာ ၂၃ရက်)နံနက် ၅နာရီခွဲတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ – KNU

ဦးမြမောင်သည် နတ်သံကွင်းမြို့အတွင်း လက်ဖက်ရည်ဆိုင်ထဲ၌ ရှိနေစဉ် အမည်မသိ ၊အဖွဲ့အစည်းမသိ ရသည့် လူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး ဦးမြမောင်ကို ပစ်သတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဖော်ပြထားသည်။သို့​သော် မည်သည့်အတွက်ကြောင့် ပစ်သတ်ခံရသည်ကိုမူ မသိရသေးဟု ဆိုသည်။

ဦးမြမောင်သည် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် တာဝန်ပေးခြင်းခံရသူဖြစ်ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်၂၀၁၁ ခုနှစ်ကလည်း ပဲခူးတိုင်းအစိုးရမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသူဖြစ်ပြီး KNUနှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားခဲ့သူများထဲတစ်ဦး အပါအဝင်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။