Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိုးစစ်ခုခံနေတဲ့ ချင်းတောင်ပိုင်းရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း သတ်မှတ်ချက်ထက်ပိုရ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်ခဲ့ရာ သတ်မှတ်ကာလအတွင်း ရည်မှန်းချက်ပြည့်မှီ ကျော်လွန်အောင် ရရှိခဲ့ကြောင်း CPU/CPA ထောက်ပို့ဌာနက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်ခဲ့ရာ သတ်မှတ်ကာလအတွင်း ရည်မှန်းချက်ပြည့်မှီ ကျော်လွန်အောင် ရရှိခဲ့ကြောင်း CPU/CPA ထောက်ပို့ဌာနက ထုတ်ပြန်ပါတယ်။

မေလကစတင်တဲ့ ချင်းတောင်ပိုင်း စစ်တပ်ထိုးစစ်ကို ခုခံနေတဲ့ ချင်းပြည်သူ့တပ်မတော်(CPA)နဲ့ မဟာမိတ် ရဲဘော်တွေအတွက် တလအတွင်း ဆန်အိတ်ရေ ၂၀၀၀ (ဆန်တအိတ် ကျပ်တသိန်းခွဲနှုန်းဖြင့်)ရရှိရေး သတ်မှတ်ပြီး ကမ်ပိန်းပြုလုပ်ခဲ့ရာ ဩဂုတ် ၁၅ရက်မှာ ၁လပြည့်မြောက်ခဲ့တာပါ။

“ပြည်တွင်း၊ ပြည်ပမှ မိဘ ပြည်သူများ၏ ဝိုင်းဝန်းပါဝင်မှုကြောင့် သတ်မှတ်ကာလအတွင်း Target ပြည့်မှီ ကျော်လွန်အောင် ရရှိခဲ့ပါသည်။ ပါဝင်ကညီခဲ့သူ တဦးစီတိုင်းအား ကျနော်တို့ဖက်မှ အထူးပင် ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်” လို့ CPU/CPA ထောက်ပို့ဌာနက မနေ့က ဩဂုတ် ၂၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ချင်းတောင်ပိုင်း ပြန်ရဖို့ အင်အားထောင်ချီ လေကြောင်းပစ်ကူ အကြိမ်ပေါင်းများစွာ အသုံးပြု ထိုးစစ်ဆင်ခဲ့တာဖြစ်ပေမဲ့ တိုက်ပွဲ ၃လခန့် ကြာတဲ့အထိ ထိုးစစ်ရည်မှန်းချက် မအောင်မြင်ဘဲ ချင်းတော်လှန်ရေးပူးပေါင်းတပ်ရဲ့ ခုခံမှုကြောင့် အထိနာလျက်ရှိပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းတိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀၀ ကျော် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေသာမက တိုက်ပွဲမဖြစ်တဲ့ အရပ်သားနေထိုင်ရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ပြည်သူသေဆုံးထိခိုက်မှု အချို့လည်းရှိခဲ့ပါတယ်။

လတ်တလောမှာ ရာသီဥတု အခြေအနေကြောင့် ချင်းတောင်ပိုင်းမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်တာမျိုးမရှိတော့ပေမဲ့ ချင်း-မကွေးအစပ် ဆောမြို့နယ်အပါအဝင် ယောဒေသမှာ စစ်တပ်ထိုးစစ်၊ စစ်အင်အားဖြည့်တင်းမှုတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခုခံဟန့်တားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်ကို မိုးရာသီအကုန်မှာ ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်ရင်းမြစ်နဲ့‌ မြေပြင်တော်လှန်ရေးတပ်တာ၀န်ရှိသူတွေက လူထုနွေဦးကို ‌ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Trending

Facebook