Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်တွေဆီလူကုန်ကူးမှုနဲ့ လူ၁၇ ဦးကိုတရုတ်စွဲချက်တင်

တရုတ်နိုင်ငံသားတွေကို ပြည်ပ အလုပ်အကိုင်ကောင်းတွေနဲ့ သွေးဆောင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လူကုန်ကူးဂိုဏ်းသား ၁၇ ဦးကို တရုတ်က တရားစွဲဆိုလိုက်ပါတယ်။

ကျားဖြန့်သံသယနဲ့ ဖမ်းဆီးခံရသူတွေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဧပြီလအတွင်းက တွေ့ရပုံ။ ဓာတ်ပုံ - VCG

သြဂုတ် – ၂၁ ၊၂၀၂၆

တရုတ်နိုင်ငံသားတွေကို ပြည်ပ အလုပ်အကိုင်ကောင်းတွေနဲ့ သွေးဆောင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လူကုန်ကူးဂိုဏ်းသား ၁၇ ဦးကို တရုတ်က တရားစွဲဆိုလိုက်ပါတယ်။

ရှန်ဟိုင်းမှာ အဲဒီ သံသယ တရားခံ ၁၇ ဦးကို စွဲချက်တင်ခဲ့တာ ဖြစ်တယ်လို့ ဩဂုတ် ၁၉ ရက်နေ့မှာ အစိုးရ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

မနှစ်တုန်းက ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးသွားလို့ တရုတ်လူမှုကွန်ရက် သုံးစွဲသူတွေကြား အုန်းအုန်းကျက်ကျက် ဖြစ်ခဲ့တဲ့ တရုတ် သရုပ်ဆောင် ဝမ်ရှင်းရဲ့ ကိစ္စကလည်း အဲဒီဂိုဏ်းနဲ့ ဆက်နွှယ်နေတယ်လို့ တရုတ် မီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးတွေကို လူကုန်ကူးမှု၊ မတရား ဖမ်းဆီးချုပ်နှောင်မှု၊ ဓားပြမှု၊ ပြန်ပေးမှု စွပ်စွဲချက်တွေနဲ့ လူ ၁၇ ဦးကို တရားစွဲဆိုထားကြောင်း ရှန်ဟိုင်း ပြည်သူ့အစိုးရ ရှေ့နေချုပ်ရုံး လက်အောက်ခံ တရားရေး ဌာနတစ်ခုက ဩဂုတ် ၁၉ ရက်နေ့တုန်းက WeChatကနေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ စွဲချက်တင်ခံထားရသူတွေဟာ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ချန်လှပ်ထားခဲ့ပါတယ်။

အဲဒီအစုအဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်း တစ်ခုဖြစ်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ အခြေစိုက်တယ်လို့ ဆိုပါတယ်။ ပြီးတော့ တရုတ်နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားပြီး ပြည်ပ အလုပ်အကိုင်ကောင်းကောင်းနဲ့ ချိတ်ဆက်ပေးမယ် ဆိုတာမျိုးနဲ့ ထောင်ချောက်ဆင် စည်းရုံးလေ့ ရှိတယ်လို့ အစိုးရ ရှေ့နေတွေက ဆိုပါတယ်။ သူတို့ရဲ့ ထောင်ချောက်ထဲ ကျဆင်းသွားသူတွေကိုတော့ လက်နက်ကိုင် အဖွဲ့အစည်း တချို့ရဲ့ အကူအညီနဲ့ မြဝတီဖက်ကို အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်သွားလေ့ ရှိကြောင်းလည်း သိရပါတယ်။

လူကုန်ကူး ခံရသူတွေဟာ လုယက်တာ၊ ရိုက်နှက်နှိပ်စက်တာ၊ အဓမ္မ ချုပ်နှောင်တာတွေ ကြုံရလေ့ရှိပြီး အမျိုးသမီး တချို့ကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ မုဒိမ်းကျင့်ခံရတာ၊ နောက်ဆုံး ပြည့်တန်ဆာ လုပ်ငန်းအတွက် ရောင်းစားခံရတာတွေထိ ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ ဥပဒေတွေအရ အမျိုးသမီးတွေကို လူကုန်ကူးတာ၊ ပြန်ပေးဆွဲတာ၊ အကြီးစား ဓားပြမှု ကျူးလွန်တာတွေအတွက် ထောင်ဒဏ်တစ်သက်ထိ ချမှတ်နိုင်သလို အရမ်းဆိုးရွားတဲ့ ကိစ္စတွေဆိုရင် သေဒဏ်ပါ ချမှတ်ခွင့် ရှိပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းတုန်းက တရုတ် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဝမ်ရှင်းဟာ ရိုက်ကူးရေး တစ်ခုအတွက် ကမ်းလှမ်းခံရတယ်ဆိုပြီး ထိုင်းနိုင်ငံဆီ သွားရောက်ခဲ့တဲ့နောက် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ အဲဒီကိစ္စက အရမ်း လူသိရှင်ကြား ဖြစ်သွားခဲ့တဲ့နောက် မြန်မာဖက်ခြမ်းမှာ ဝမ်ရှင်းကို ပြန်တွေ့လို့ ထိုင်းဖက် ပြန်လည် ခေါ်ယူလာပြီး တရုတ်ဆီ ပြန်ပို့ပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ဝမ်ရှင်းဟာ လူကုန်ကူးမှုရဲ့ သားကောင်ဘဝ ရောက်ခဲ့တာလို့လည်း ထိုင်းရဲတွေက ဆိုပါတယ်။

တစ်လလောက်အကြာမှာတော့ဝမ်ရှင်း ပြန်ပေးဆွဲခံရမှုနဲ့ ဆက်နွှယ်တဲ့ သံသယ တရားခံ ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းက ထုတ်ပြန်ခဲ့ပြီး အဲဒီ ၁၀ ဦးကိုလည်း တရုတ်ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ ရှန်ဟိုင်းမှာတရားစွဲဆိုခံရသူ ၁၇ ဦးထဲမှာ အဲဒီ ၁၀ ဦး ပါဝင်သလား ဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ် လူမှောင်ခို လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်အစိုးရဟာ ဒေသတွင်း နိုင်ငံတွေအပေါ် ပိုမို ဖိအားပေးလာခဲ့ပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒီမိုကရေစီရေးတက်ကြွတောင်းဆိုသူတွေကိုတရုတ် အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ တိန်အင်မင်ရင်ပြင် ဖြိုခွင်းမှုကြီးကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ချီးကျူးစကား ပြောသွားခဲ့ပါတယ်။