Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းတဲ့လူငယ် ဖမ်းဆီးခံရပြီး စစ်မှုထမ်းထည့်ခံရ

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

(နေပြည်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအနီး တွေ့ရတဲ့ စစ်တပ်ယာဉ်တွေ။ ဓာတ်ပုံ - EPA)

ဩဂုတ်-၂၅၊၂၀၂၆။မိုမို/People’s Spring

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဆိုင်ကယ်စီး လူငယ်ကို ဆရာစံရပ်ကွက်ယာယီအုပ်ချုပ်ရေးမှူး ထွန်းမြတ်မင်းဦးဆောင်ပြီး နယ်မြေမှူးတွေ ဖြစ်တဲ့ မြင့်စိုးဦး၊ အောင်သူမင်း(ခ)ဆံရှည်၊ထိန်းလင်းနဲ့ အတူ အရံမီးသတ်တွေက ဩဂုတ် ဒုတိယပတ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဘာမှမဟုတ်တဲ့ ပြသာနာတစ်ခုလောက်ကို အကြောင်းပြပြီး စစ်မှုထမ်းပေါ်တာဆွဲနေတာ မလွန်ဘူးလားဆိုတာ သိချင်ပါတယ်”လို့ တပ်ကုန်းမြို့နယ် ဆရာစံကပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထွန်းမြတ်မင်း ဖမ်းဆီးပြီး စစ်မှုထမ်းစာရင်းထည့်သွင်းခံရတဲ့လူငယ်ဟာ အကြီးကောင် လို့ ခေါ်ဆိုသူလို့ ဆိုပါတယ်။

“အခုအဲဒီကလေးက မိုးဆွေ စစ်အအခြေခံလေ့ကျင့်တပ်ကိုရောက်နေပြီ”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

မိုးဆွေ စစ်အခြေခံသင်တန်းကျောင်းက (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက-၂ မိုးဆွေ) နေပြည်တော်၊ဥတ္တရသီရိမြို့နယ်မှာ ရှိပါတယ်။

ဆရာစံရပ်ကွက် ယာယီအုပ်ချုပ်ရေးမှူးထွန်းမြတ်မင်းဟာ စစ်တပ်အာဏာသိမ်းပြီးချိန်နဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း လူငယ်တွေကို ဖမ်းဆီး ပေါ်တာဆွဲမှုမှာဦးဆောင်သူတစ်ဦးအဖြစ် ဒေသခံတွေက ရှုမြင်ကြပါတယ်။

၂၀၂၄ ဖေဖော်ဝါရီကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မတပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ် (၂၈)အထိ ရောက်နေပြီဖြစ်ပါတယ်။

စစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ ဆုံးရှုံး‌နေရတဲ့ တပ်အင်အားအတွက် စစ်မှုထမ်းဥပဒေအကြောင်းပြပြီးစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေ ပေါ်တာဆွဲနေတဲ့အပေါ် လူငယ်တွေအနေနဲ့ ရှောင်ရှားကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

အ​နောက်သို့ဆက်သွားရင်ပန်းတောင်း၊ဥသျှစ်ပင်ဘက်သို့​​ရောက်ပြီး ​တောင်ဘက်သွားရင်ဧရာဝတီတိုင်းထဲ​ရောက်မယ်

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ဒုတပ်ကြပ် ၁ဦးက သူ့ရဲ့မိဘနေအိမ်ဟာ စစ်မှုထမ်းကြေးအဖြစ် ပေးနေရလို့ လူမှုကွန်ရက်မှာ မကျေမနပ်နဲ့ ရင်ဖွင့်ထားပါတယ်။

Photo Essay

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။