Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ ရဲတပ်ရင်းအနီး ကင်းစောင့်တဲ့ရဲတွေ တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ လက်အောက်ခံ ရဲတပ်ရင်း(၁၆)အနီး ယာဥ်တန်းကင်းစောင့်ရင်း ပြည်သူတွေဆီက ငွေကြေးအတင်းအဓမ္မ တောင်းခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ဦး သေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ပါတယ်။

(လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲဘော်အချို့အား ယခင်စစ်ဆင်ရေးများတွင် တွေ့ရစဥ် ဓါတ်ပုံံ-Screen Grab)

သြဂုတ်၂၅၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ လက်အောက်ခံ ရဲတပ်ရင်း(၁၆)အနီး ယာဥ်တန်းကင်းစောင့်ရင်း ပြည်သူတွေဆီက ငွေကြေးအတင်းအဓမ္မ တောင်းခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ဦး သေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ပါတယ်။

​ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက် ညနေ ၃နာရီခွဲဝန်းကျင်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စစ်ကိုင်းမြို့ တပ်မ (၃၃)ကို သွားတဲ့ စစ်ယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီးမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က အသိပေးပါတယ်။

“နမခ ကနေ စစ်ကိုင်း တပ်မ ၃၃ ကို သွားတဲ့ယာဉ်တန်းကို ရဲတပ်ရင်း ၁၆ အနီးမှာ လုံခြုံရေးယူပေးရင်းနဲ့ ပြည်သူကားတွေကို ပိုက်ဆံကောက်နေတာဗျ။ အဲ့ဒါကို မိုင်းဆွဲပြီး ၄၀ မမ နဲ့ ပစ်ခဲ့တာ။ ဝင်ပစ်ဖို့အထိ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ပြန်ဆုတ်ခဲ့ရတယ်။ မိုင်းဆွဲတဲ့အချိန်မှာ ရဲ ၃ ကောင်က လွင့်ထွက်သွားတာတော့ မျက်မြင်မြင်ရတယ်ဗျ။ အဲ့နောက် ၄၀ မမ နဲ့ ပစ်တာတွေကလည်း သူတို့ကင်းယူတဲ့နား ကျတာဆိုတော့ ထိခိုက်မှုတွေ ရှိတယ်”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​တိုက်ခိုက်မှုအပြီးမှာတော့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်းရှိ မြို့နယ်နဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြေစာရင်းရုံး၊ ခရိုင်မြေစာရင်းရုံးနဲ့ စည်ပင်ရုံးတွေအပါအဝင် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအနေနဲ့ အမြန်ဆုံး CDM ပြုလုပ်ကြဖို့၊ ရုံးမတက်ဘဲ မိမိနေအိမ်မှာသာနေပြီး ပြည်သူနဲ့အတူ ပူးပေါင်းကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။

​ဒါ့အပြင် စစ်တပ်ရဲ့ ထောက်တိုင်ဖြစ်တဲ့ အဆိုပါ ဌာနဆိုင်ရာရုံးတွေကို မကြာမီအချိန်အတွင်း စတင်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူ့ဘက်မရပ်တည်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေသူတွေ ထိခိုက်ဒဏ်ရာရရှိပါက လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်းလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။