Connect with us

Hi, what are you looking for?

သတင်း

အောင်ဇမ္ဗူဇာတ်ပွဲလက်မှတ်ဝယ်ရင် မှတ်ပုံတင်ပြရမယ်လို့ဆို

ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဇာတ်ပွဲတွေမှာ ဖျာလက်မှတ်ဝယ်ယူမယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို မဖြစ်မနေယူဆောင်ပြသရမယ်လို့ ဇာတ်အဖွဲ့ တာဝန်ရှိသူကတွေက လူမှုကွန်ရက်ကနေ ကြေညာပါတယ်။

(အောင်ဇမ္ဗူဇာတ်ပွဲလက်မှတ် ဝယ်ယူရန် တန်းစီနေသော မန္တလေးမြို့က အမျိုးသမီးများအား တွေ့ရစဥ်။ ဓာတ်ပုံံ-File Video)

သြဂုတ်-၂၆၊ ၂၀၂၆။ဟာနာဆန်/People’s Spring

ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဇာတ်ပွဲတွေမှာ ဖျာလက်မှတ်ဝယ်ယူမယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို မဖြစ်မနေယူဆောင်ပြသရမယ်လို့ ဇာတ်အဖွဲ့ တာဝန်ရှိသူကတွေက လူမှုကွန်ရက်ကနေ ကြေညာပါတယ်။

အာဏာသိမ်းစစ်တပ်အလိုကျ ဇာတ်သဘင် ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ဇာတ်မင်းသားအောင်ဇမ္ဗူရဲ့ဇာတ်ပွဲတွေမှာ ပရိသတ်တွေအနေနဲ့ ဖျာလက်မှတ်ဝယ်ယူရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကို မဖြစ်မနေ ယူဆောင်ပြသရမှာဖြစ်ကြောင်း ဇာတ်အဖွဲ့တာဝန်ရှိသူက လူမှုကွန်ရက်စာမျက်နှာကတဆင့် ကြေညာထားပါတယ်။

ပွဲကြည့်မယ့်ည ၇ နာရီမှာ ရုံဝင်လက်မှတ်ဝယ်ပြီးမှ မှတ်သားထားတဲ့ မှတ်ပုံတင်နံပါတ်နဲ့ ယာယီဖျာနံပါတ် တိုက်ဆိုင်စစ်ဆေးပြီး ဖျာနံပါတ်အစစ်ထုတ်ပေးကာ ရုံထဲဝင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ပွဲကြည့်ဖို့အရေး မှတ်ပုံတင်ပါယူရဦးမယ်။ မှတ်ပုံတင်က ပွဲခင်းထဲပျောက်သွားရင် ဘယ်သူတာဝန်ယူမလဲ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

လက်ရှိ အောင်ဇမ္ဗူဇာတ်ပွဲဟာ မန္တလေးမြို့ လမ်း ၉၀ မှာ ကပြနေပြီး လက်မှတ်ဝယ်မယ်ဆိုရင် မှတ်ပုံတင်ယူလာရမှာဖြစ်ကာ ယခုလိုလုပ်တာဟာ မှောင်ခိုလုပ်စားသူတွေကို နှိမ်နင်းတာလို့ ဇာတ်မန်နေဂျာက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလကစပြီး တစ်နိုင်ငံလုံး အေးချမ်းနေသယောင်ပုံရိပ်တည်ဆောက်ဖို့ ဇာတ်သဘင်ဖျော်ဖြေပွဲတွေကို ပြုလုပ်စေခဲ့ပါတယ်။ စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ ပွဲလမ်းသဘင်တွေ ထပ်ခါထပ်ခါပြုလုပ်စေပြီး အောင်ဗမ္ဗူ၊ စမ်းရေမိုးနဲ့ ဖိုးချစ်အပါအဝင် ဇာတ်သဘင်အဖွဲ့တွေက ကပြဖျော်ဖြေလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။