Connect with us

Hi, what are you looking for?

သတင်း

မန္တလေးအောင်ပင်လယ်မှာ မိုးများလို့ အောင်ဇမ္ဗူဇာတ်ပွဲ ဒီညဖျော်ဖြေပွဲ ဖျက်သိမ်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

(မနေ့ညက မိုးရွာထဲ ဇာတ်ပွဲကြည့်နေသူများအား တွေ့ရစဥ်။ ဓါတ်ပုံံ-လူမှုကွန်ရက်)

သြဂုတ် ၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

ဒီကနေ့ သြဂုတ် ၅ ရက် ညမှာ မန္တလေးမြို့၊ အောင်ပင်လယ် ဘောလုံးကွင်းမှာကမယ့် အောင်ဇမ္ဗူဇာတ်သဘင်ရဲ့ ဒုတိယညပွဲစဉ်ကို ရာသီဥတုအခြေအနေကြောင့် မကဖြစ်ကြောင်း ဇာတ်တာဝန်ရှိသူက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ဒီညအတွက် ကြိုတင်ဝယ်ယူထားတဲ့ ဖျာနဲ့ ထိုင်ခုံဖိုးတွေကို မနက်ဖြန် နေ့လယ် ၂ နာရီမှာ ငွေပြန်အမ်းမယ်လို့ ဆိုပါတယ်။ “ပွဲခင်းထဲ ဗွက်တွေထနေလို့ ဒီညဖျက်သိမ်းလိုက်တာပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ မန္တလေးမြို့မှာ မိုးဆက်တိုက်ရွာနေပြီး မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာကြောင့် အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီက မနေ့ညက သတိပေးခဲ့ပါတယ်။

ဇာတ်ပွဲလာလုပ်နေတဲ့ အောင်ပင်လယ်ဟာ ဆည်တော်ကြီးရေရောက်တဲ့ ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဆည်တော်ကြီးရေလျှံလို့ ရေနှစ်ကြိမ်ထက်မနည်း ရေကြီးခဲ့ဖူးပါသေးတယ်။

အောင်ဇမ္ဗူဇာတ်ပွဲကို ပွဲမစခင် ၃ ညအလိုကတည်းက လက်မှတ်ရဖို့ ညအိပ်တန်းစီသူတွေရှိခဲ့ပြီး ပုံမှန်တစ်သိန်းခွဲတန်ဖျာဟာ ပြင်ပစျေးကွက်မှာ ကျပ်လေးသိန်းခန့်အထိ ပေါက်သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီး တစ်မြို့နယ်လုံးနီးပါးရေဘေးကိုဆိုးရွာစွာကြုံတွေ့နေသလို ၊ကချင်ပြည်နယ်ဖားကန့်မြို့နယ် အပါအဝင်ဒသေအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ပြည်သူသိန်းချီ ရေဘေးသင့်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။