Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်မှာလျှပ်စစ်ပစ္စည်းဆိုင်ဓားပြတိုက်ခံရပြီး မီးခံသေတ္တာပါသွား

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သြဂုတ် – ၂၉ ၊၂၀၂၆

မနက်အစောပိုင်း ၄ နာရီခန့်မှာ မျက်နှာကို အဝတ်စည်းထားတဲ့ အမျိုးသား သုံးဦးက သေနတ်အတိုတွေနဲ့ လျှပ်စစ်ပစ္စည်းဆိုင်ကို ဓားပြတိုက်ပြီး မီးခံ သေတ္တာကိုယူသွားခဲ့တာပါ။

ကားနဲ့ရောက်ချလာပြီးဓားပြတိုက်တာဖြစ်သလို အိမ်ထဲက လူတွေကိုတော့ကြိုးတုပ်သွားတယ်လို့မြို့ခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ချိန်မှာ ဆိုင်ပိုင်ရှင်တွေရှိမနေဘဲ ဝန်ထမ်းအမျိုးသမီးသုံးဦးသာ ရှိနေချိန်ဖြစ်တယ်လို့လည်းသိရပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဆိုင်က CCTV မှတ်တမ်းတွေကို သိမ်းဆည်းသွားတယ်လို့သိရပါတယ်။

မီးခံသေတ္တာထဲမှာ ရွှေလေးပိဿာအပါအဝင် ရွှေထည်တွေ ၊ စိန်ထည်တွေပါသွားတယ်လို့ ကနဦးသိထားရပေမယ့်အသေးစိတ်ကိုသီးခြားအတည်မပြုနိုင်ပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ တရားဉပဒေစိုးမိုးမှု ပျက်ယွင်းသွားပြီး မြို့ကြီးတွေမှာ ဓားပြတိုက်မှု ၊လူသတ်မှု ၊လုယက်မှုတွေမကြာခဏဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။