Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာ ပျူစောထီးခေါင်းဆောင်သီတာယုမွန်အဖွဲ့က ပြည်ပမှာနေထိုင်သူတွေကို နိုင်ငံအလိုက် ငွေတောင်းနေ

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

ဩဂုတ်-၃၀၊၂၀၂၆။ဟာနာဆန်၊ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်က မြို့ပေါ်နဲ့အနီးဝန်းကျင်ရွာတွေက ပြည်ပမှာနေထိုင်သူတွေကို နိုင်ငံအလိုက် စစ်မှုထမ်းကြေးကောက်ယူနေတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

သီတာယုမွန်ဦး ဆောင်ပြီး မြင်းခြံမြို့ပေါ်နဲ့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ‌‌‌‌‌‌‌‌မြို့အနီးနားကကျေးရွာတွေကနေ ပြည်ပနိုင်ငံတွေ သွားရောက်လုပ်ကိုင်နေထိုင်သူ​တွေကို စာရင်းလုပ်ပြီး လစဉ်ကြေးဟုဆိုကာ သိန်းဂဏန်းအထိ တောင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဂျပန်ဆို ၂သိန်း၊ ထိုင်းဆို ၁သိန်းခွဲ အဲဒီလိုသတ်မှတ်ထားတာ။ ရောက်နေတဲ့နိူင်ငံအပေါ်မူတည်ပြီး ပေးရတယ်။ဒီပြည်တွင်းမှာဆိုရင် သောင်းဂဏန်း ပေးရတယ်။ဒါကလစဉ် ပေးနေရတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လစဉ်ကြေးတွေတောင်းယူပြီး မြို့ပေါ်မှာ ပေါ်တာဆွဲတာတွေလည်းလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့မှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်ပြီး (၁၃)နှစ်လောက်ကစလို့ လူငယ်အများစုကို ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် မြင်းခြံမြို့အနီး ကားလမ်းမပေါ်မှာလည်း ခရီးသည်တင်ကားတွေကို တားကာ လူငယ်တွေကို ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၇ ရက်ကလည်း ရန်ကုန်- မြင်းခြံသွား ခရီးသွားကားတစ်စီးပေါ်က လူငယ်တွေကို စစ်တပ်က ဖမ်းဆီး ငွေတောင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်းခြံမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းက နေအိမ်တွေကို တစ်အိမ်ထောင် အိမ်ထောင်စုဇယားမိတ္တူ တစ်ရွက်နှုန်းနဲ့အုပ်ချုပ်ရေးမှူးရုံးကို လာပေးဖို့ အမိန့်ထုတ်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။

“အိမ်ထောင်စုဇယားကြည့်ပြီး လက်ရှိ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်သူတွေရှိရင် နိုင်ငံအလိုက်ငွေကောက်ခံသွားမယ်လို့ ကြားတယ်”လို့ မြင်းခြံမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဧည့်စာရင်းတိုင်ပြီး နေတဲ့ အိမ်ငှား​​​တွေလည်း အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့နောက်ဆုံးထား စာရင်းပေးဖို့နဲ့ ပျက်ကွက်ပါက မိမိတာဝန်သာဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေကို သတိပေးထားပါတယ်။

လက်ရှိ မြင်းခြံမြို့နယ်မှာ ရပ်ကွက်တွေနဲ့ ၎င်းတို့ထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာ စစ်မှုထမ်းကြေးဆိုပြီး ၁လကို တစ်အိမ် တစ်သောင်းကျပ် ထည့်ဝင်ရကြောင်း၊ နိုင်ငံခြားရောက်သူတွေရှိတဲ့အိမ်ဆိုရင် ပိုထည့်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“တစ်ခါကောက်ရင် ၃ လစာ ပေးရတယ်။ ဘယ်နိုင်ငံရောက်ရောက် ဘယ်နိုင်ငံခြားသွားတဲ့လူရှိတဲ့အိမ်ဆို လေးသောင်းခွဲ။ နိုင်ငံခြားမရှိတဲ့အိမ်တွေက သုံးသောင်းကောက်တယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြင်းခြံဒေသက လူငယ်တွေဟာ ဂျပန်၊ ကိုရီးယား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်သူ အများဆုံံးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း သွားရောက်သူ ပိုမိုများပြားလာကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းမှာ မန္တလေးမြို့၊ ဝမ်းတွင်းမြို့၊ ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြိူ့တွေမှာ စစ်မှုထမ်းခေါ်ယူတာ၊ ပေါ်တာဆွဲတာတွေကို စစ်မှုထမ်းကြေးယူထားတဲ့ကြားက ဆိုးဆိုးရွားရွား ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူးလွန်သူတွေဟာ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်းမြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook