Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့စစ်ခေါင်းဆောင်ချွေးမ ဆေးကြောင်ပြီး ညီ​နောင်သုံး​ဖော်ဂိတ်မှာ တားဆီးတာကိုမောင်း​ပြေးလို့ ပစ်ခတ်ရာ​ သေဆုံးဟု​​ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

(ဂိတ်ကိုတိုက်​ပြေးပြီး ​ကား​မောင်းထွက်​ပြေးလို့ပစ်ခတ်မှုဖြစ်ပြီး​နောက်​မြင်ကွင်း ။ဓါတ်ပုံ-CJ )

သြဂုတ်-၃၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်အနီး MNDAA နဲ့ AAပူးပေါင်းစစ်ဆေးဂိတ်မှာ ဩဂုတ်လ ၂၉ ရက် နေ့လယ်က ဖြစ်ပွားခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

“အဲဒီအမျိုးသမီးကမူးယစ်ဆေးသုံးလာတယ်ဗျ။သူက လုံထန်ပသစ ခေါင်းဆောင်ရဲ့ ချွေးမ။ဂိတ်ကို စကစဂိတ်လားလို့ မေးပြီး ဆဲသေးတယ်။ပြီးတော့ဝင်တိုက်တယ်။စစ်ဆေးဖို့လုပ်တော့ကားကိုအတင်းမောင်းပြေးတာ။အဲဒီမှာ ပစ်ပြီးတားတာကနေဖြစ်တာပဲ”လို့မူဆယ်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သက်လက်ပိုင်းအရွယ်အဲဒီအမျိုးသမီးက မူးယစ်ဆေးအလွန်အကျွံသုံးပြီး မူဆယ်မြို့ထဲမှာသွားလာလေ့ရှိတယ်လို့ဒေသခံအချို့ကပြောပါတယ်။ စစ်ဆေးရေးဂိတ်အနီး နေရာတွေကိုကားနဲ့မတိုက်ခင်မှာဒီနေရာမှာMNDAA နဲ့ AA စခန်းမထိုင်နဲ့လို့လည်း ပြောခဲ့​တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်ဆေးရေးဂိတ်ကို တိုက်‌ ပြေးလို့ AAတပ်ဖွဲ့ဝင်က ပစ်လိုက်စဉ် ကျည်ထိမှန်သေဆုံးတာလို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။

အထက်ပါဖြစ်စဥ်နဲ့ပတ်သက်ပြီးလုံထန်ပြည်သူ့စစ်အဖွဲ့ကို ဆက်သွယ်လို့မရသေးသလို MNDAA နဲ့ AA ကလည်း သတင်းထုတ်ခြင်းမရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်မှာစစ်တပ်လက်အောက်ခံလုံထန်၊ ကောင်းခါး၊ ပန်ဆေး၊တာမိုးညဲ နဲ့ ပိန်းဆာပြည်သူ့စစ်အပါအဝင် ပြည့်သူ့စစ်အဖွဲ့ ဆယ်ဖွဲ့ထက်မနည်းရှိနေပြီး ကျားဖြန့်ဂိုဏ်းတွေနဲ့လည်း ပတ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန် နဲ့ ကျင်စန်းကျော့ဂိတ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်းမှမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်

Facebook