Connect with us

Hi, what are you looking for?

သတင်း

မြိတ်နယ်က တပ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦး သတ်ဖြတ်၊ နေအိမ်တွေ မီးရှို့

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၇ရက်မှာ စစ်တပ်က မဇောကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးကာ ငါးရပ်အင်းရွာနေ ပြည်သူ အမျိုးသား ၂ဦး သတ်ဖြတ်ခဲ့သလို တုံးဗျောရွာရှိ ပြည်သူလူထု နေအိမ် ၈လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဩဂုတ် ၂၈ရက်မှာလည်း ရေခမ်းချောင်းရွာက ပြည်သူလူထုနေအိမ် ၁လုံးကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါတယ်။

စစ်တပ်ဟာ မဇောကျေးရွာအုပ်စုက ငါးရပ်အင်းကျေးရွာ၊ တုံး‌ဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာ၊ ဒူးကျိုးကျေးရွာတွေကို စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအထဲက တုံးဗျောရွာကို အရင်က စစ်တပ်က တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီတပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဩဂုတ် ၂၄ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်တာကို စစ်သားတွေက လက်နက်တွေထားပြီး ထွက်ပြေးသွားလို့ လက်နက် ၄လက် သိမ်းရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။

တုံးဗျောရွာတိုက်ခိုက်ခံရပြီးနောက် ၃ရက်အကြာမှာ စစ်တပ်က ဒေသတွင်းကို စစ်ကြောင်းထိုးလာပြီး အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဘ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။