Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တောင်ခြမ်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ရဲ့လက်နက်အပိုင်းအစနဲ့ ပျက်စီးမှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဝက်လက်ပကဖ)

စက်တင်ဘာ-၁၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၃၁ရက် မနေ့က ညနေ ၄နာရီကျော်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ရွာနန်းရွာကို ပေါင်ဗုံးသီး၊ ရော့ကတ်တွေနဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူရဲ့ အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

‌‌”ပထမအကြိမ်က ပေါင်သီး ၂လုံးတကြိမ်နဲ့ ဒုတိယအကြိမ်က ရော့ကတ် ၄လုံးတကြိမ်ကြဲခဲ့တာ။ ဘုန်းကြီးကျောင်းဆောင် ဘေးကျပြီး ကျောင်းအုတ်တံတိုင်းနဲ့ မုခ်ဦးတွေ ပျက်ဆီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာနန်းရွာဟာ ဝက်လက်မြို့နယ် တောင်ခြမ်းမှာရှိပြီး စစ်ကိုင်းမြို့နယ်နဲ့ ကပ်လျက် နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။