Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တောင်ခြမ်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ရဲ့လက်နက်အပိုင်းအစနဲ့ ပျက်စီးမှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဝက်လက်ပကဖ)

စက်တင်ဘာ-၁၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၃၁ရက် မနေ့က ညနေ ၄နာရီကျော်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ရွာနန်းရွာကို ပေါင်ဗုံးသီး၊ ရော့ကတ်တွေနဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူရဲ့ အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

‌‌”ပထမအကြိမ်က ပေါင်သီး ၂လုံးတကြိမ်နဲ့ ဒုတိယအကြိမ်က ရော့ကတ် ၄လုံးတကြိမ်ကြဲခဲ့တာ။ ဘုန်းကြီးကျောင်းဆောင် ဘေးကျပြီး ကျောင်းအုတ်တံတိုင်းနဲ့ မုခ်ဦးတွေ ပျက်ဆီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာနန်းရွာဟာ ဝက်လက်မြို့နယ် တောင်ခြမ်းမှာရှိပြီး စစ်ကိုင်းမြို့နယ်နဲ့ ကပ်လျက် နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။