Connect with us

Hi, what are you looking for?

သတင်း

ရခိုင်တက်ဖို့ကြိုးစားတဲ့စစ်ကြောင်းတွေနတ်ရေကန်အနီးနဲ့ မင်းတုန်းမှာတိုက်ခိုက်ခံရ

နတ်​ရေကန်မှာစစ်တပ်ဘက်က ဆယ်ချီသေဆုံးပြီး လက်နက်ချအလင်းဝင်သူတွေ ရှိကာ တပ်လန်ကျ

(အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်​တွေကိုရခိုင်-မ​ကွေးအစပ်မှာ ၂၀၂၅ စက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk)

စက်တင်ဘာ-၂၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်နဲ့အစပ် စစ်မျက်နှာတွေဆီ အင်အားထောင်ချီသုံးပြီး တန်ပြန်ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကြားဖြတ်တိုက်ခိုက်ခံရတာ ကြောင့် ဆယ်ချီသေဆုံး အထိနာကာ အလင်းဝင်သူတွေလည်း အများအပြားရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ် တွေကပြောပါတယ်။

ရခိုင်အစပ်ရိုးမရှေ့ဘက်ခြမ်းမကွေးတိုင်း၊ငဖဲမြို့နယ်၊နတ်ရေကန်အနီးပဇီကျေးရွာဝန်းကျင်နဲ့မင်းတုန်းမြို့နယ်၊သဖန်ရောင်ရွာဝန်းကျင်တို့မှာ AA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။

“သတင်းရထားသလောက်ပဇီဘက်မှာ အလောင်းနှစ်ဆယ်ကျော်လောက်ရလိုက်တယ်။ အလောင်းမရဘဲသေတာလည်း အများကြီးရှိမှာ။ ရှင်းလင်းရေးမလုပ်ရသေးဘူး။တိုက်တောင်မတိုက်ရဘဲ ထွက်ပြေးနေတဲ့ကောင်တွေ၊လက်နက်ချတဲ့ကောင်တွေလည်း မနည်း။ စစ်ကြောင်းတကြောင်းလုံးဖရိုဖရဲဖြစ်နေတာ”လို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သင်တန်းဆင်းခါစစစ်မှုထမ်းသစ်တွေ အများစုပါဝင်တဲ့ အဲဒီစစ်ကြောင်းဟာ ငဖဲမြို့နယ်ပဒါန်းကနေတဆင့် စစ်ကြောင်းထိုးပြီးနတ်ရေကန်ပင်မဗျူဟာကုန်းဆီ အင်အားဖြည့်ဖို့ ကြိုးစားလာတာဖြစ်ပြီး နတ်ရေကန်ဗျူဟာနဲ့ သုံးမိုင် နီးပါးအကွာ ပဇီရွာအနီးမှာပဲ ကြားဖြတ်တိုက်ခိုက်ခံနေရတာပါ။

အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ လေကြောင်းစစ်ကူသုံးတိုက်ခိုက်နေပြီး နောက်ထပ်အင်အားထပ်ဖြည့်တာတွေ လည်း လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

နတ်ရေကန်ဗျူဟာစခန်းရဲ့ ပတ်လည်မှာ ရှိတဲ့ အဓိကကာကင်းစခန်းကြီးတွေကို AA နဲ့မဟာမိတ်​တွေကသိမ်းပိုက်ထားပြီး ဗျူဟာကုန်း တခုလုံး ဝန်းရံပိတ်ဆို့ခံနေရတဲ့ စစ်တပ်ဟာ စစ်ကူ​တွေအကြိမ်ကြိမ်ပို့ခဲ့ပေမယ့် မ​ဖောက်ထွက်နိုင်ပါဘူး ။ဒါ​ကြောင့် အင်အားထောင်ချီနဲ့ ထပ်မံအင်အားဖြည့်၊ စစ်ကြောင်းထိုးလာခဲ့တာမှာ ထပ်မံတိုက်ခိုက်ခံရတာပြီးထပ်မံ အထိနာနေတာပါ။

“နတ်ရေကန်ကို တက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။လေလာတောင်ကြောတကြောလုံးကို ကိုယ့်ဘက်က နေရာယူပြီး တက်လာသမျှကို အမှည့်ခြွေခြွေနေတာ။ နတ်ရေကန်ကကောင်တွေကလည်း လေယာဉ်နဲ့ ချပေးတဲ့ ရိ က္ခာလေးနဲ့ စားနေကြရတာ။ ကိုယ်တွေလည်း တက်မတိုက်ဘူး” လို့ AA နဲ့ နီးစပ်တဲ့အခြားသတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒါ့အပြင်စစ်တပ်ဟာရခိုင်ပြည်ကိုဝင်ပေါက်ဖြစ်တဲ့ မင်းတုန်း – အမ်း သစ်ထုတ်လမ်းကနေတဆင့်လည်း အင် အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး မင်းတုန်းမြို့နယ် သဖန်ရောင်အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိ ရပါတယ်။

အဲဒီသဖန်ရောင်ဝန်းကျင် တိုက်ပွဲတွေကတော့ AA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်​နေပြီး အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“တိုက်ပွဲတွေတော့ တော်တော်ပြင်းနေတယ် အဲဒီဘက်မှာ။ စစ်တပ်က လေယာဉ်နဲ့လည်း ရိုးပေါ်တွေ ပတ်ကြဲနေ တယ်။ AA ကလည်းဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာရှိတယ်။ ဘတပြန် ကျားတပြန်အခြေအနေလို့ ပြောရမယ်” လို့ အမ်းဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို AA ထံ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အာ ဏာသိမ်းစစ်တပ်ဟာ သူတို့လက်လွှတ်ခဲ့ရတဲ့နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တပ်လန်ကျပြီး အလုပ်မဖြစ်ခဲ့တာကြောင့် တနှစ်ခွဲကျော်အတွင်း အင်အားအများဆုံးထပ်သုံးပြီး တန်ပြန်ထိုးစစ် ဆင်ဖို့ ပြင်ဆင်လာပြန်တာပါ။

အခုတကြိမ်အင်အားအလုံးအရင်သုံးပြီး ထိုးစစ်ဆင်နေပေမယ့်လည်း AA နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အကျအဆုံးများ အထိနာနေတဲ့အခြေအနေနဲ့ ထပ်ကြုံနေရတာဖြစ်ပါ တယ်။

“ရခိုင်ရိုးမကို ကျော်ပြီးတော့ တန်ပြန်ထိုးစစ်ဆင်လာနိုင်ဖို့ဆိုတော့ မဖြစ်နိုင်ဘူးလို့ ပြောလို့ရတယ်။ AA က မြေပြင် အခြေအနေကျွမ်းကျင်တယ်။ အခုရောက်လာတဲ့ကောင်တွေက ပစတွေများတယ်၊ နယ်မြေသစ်လည်း ဖြစ်တယ်ဆို တော့ မလွယ်ဘူး။အင်အားဘယ်လောက်ပဲ သုံးသုံး မလွယ်နိုင်ဘူး” လို့ ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦးက ပြော ပါတယ်။

စစ်တပ်ဟာရခိုင်ရိုးမအရှေ့ဘက်ခြမ်းမကွေးတိုင်း ငဖဲ၊ မင်းတုန်းမြို့နယ်တို့ကနေ ထိုးစစ်ဆင်နေသလို ရခိုင်ပြည် နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့ကနေတဆင့် လည်း အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွနဲ့ သံတွဲပင်လယ်ပြင်တို့မှာလည်း စစ်သင်္ဘောတွေအများအပြားချထားကာကမ်းခြေတလျှောက် အရပ်သားနေထိုင်တဲ့​နေရာတွေကိုပစ်ခတ်တာတွေ လုပ်နေပါတယ်။

AAကလည်း ​သိမ်းဖို့ကျန်​နေတဲ့စစ်တွေ၊ကျောက်ဖြူမြို့နယ်တို့ရှိစစ်တပ်စခန်း​တွေကိုသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၅ဦးဖမ်းမိပြီးလက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတချို့သိမ်းရတယ်လို့သရက်ခရိုင်ရင်း(၄)ပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။