Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်းက မိချောင်းစစ်ဆင်ရေး စစ်သင်္ဘော ၁စီး နစ်မြုပ်၊ ၅စီး ပျက်စီးဟု မော်လိုက်ခရိုင်ရင်း(၃) ထုတ်ပြန်

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ “မိချောင်းစစ်ဆင်ရေး” မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

​စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ “မိချောင်းစစ်ဆင်ရေး” မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မော်လိုက်ခရိုင်၊ အမှတ် (၃) တပ်ရင်း (ဖောင်းပြင်မြို့နယ်အခြေစိုက်) ကွပ်ကဲမှုနဲ့ ဇူလိုင်လအတွင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်ရေယာဉ်တန်းကို ရေကြောင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်း ပူးပေါင်းတပ်ဖွဲ့တွေက ရေကြောင်းစစ်ဆင်ရေးအနေနဲ့တိုက်ခိုက်ခဲ့မှုကြောင့် စစ်သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပြီး ၅စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” စထွက်ပြီးတော့မှ မြစ်ကမ်းဘေးတလျှောက်မြို့တွေမှာ သူတို့အခြေချရာ၊ အခြေစိုက်ရာ တပ်ရင်းတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ရိက္ခာတွေ ဆေးဝါးတွေချတဲ့ ရေယာဥ်တွေ။ သွားတာကတော့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ခန္တီးအထိသွားတယ်။ ကျောက်တွေတင်လာတယ်။ အခုကတော့ စုန်ဆင်းသွားပြီ”လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က အရာရှိတွေ၊အခြားအဆင့်တွေနဲ့ အခြားဌာနဝန်ထမ်း၊ စစ်မှုထမ်းတပ်သားတွေ စုစုပေါင်း သေဆုံးထိခိုက်သူ ၂၃ ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။သေဆုံးနဲ့ထိခိုက်မှုအရေအတွက်ကို သီးခြားခွဲပြထားတာ မတွေ့ရပါဘူး။

ပစ်ခတ်ခံရပြီး နစ်မြုပ်ခဲ့တဲ့ ရေယာဉ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေနဲ့ ရေအောက်နစ်မြုပ်သွားတဲ့ စစ်သားတွေရဲ့ ဖြစ်စဥ်တွေကို ဆက်လက်ထုတ်ပြန်မယ်လို့ မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းက အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဥ်တွေဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မကြာခဏ သွားလာနေပြီး သွားလာတိုင်းလည်း မြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် ပြည်သူထိခိုက်သေဆုံးမှုတွေ၊ နေအိမ်တွေ ပျက်စီးတာတွေ ဖြစ်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ပင်လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ ဒီ​နေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက အရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။