စက်တင်ဘာ-၄၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၃ ရက် မနေ့ ညနေ ၆နာရီခွဲကျော်မှာ ရွှေဘိုမြို့ရှိ စစ်အုပ်စုရဲ့ လေ့ကျင့်ရေး ၈ ကနေ တက်လာတဲ့ ဒရုန်းဟာ ဝက်လက်မြို့ရဲ့ အ ရှေ့ဘက် ကံပေါက်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး လူလတ်ပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်ပွားခြင်း၊စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ လာချသွားတာပါ။ အိမ်ပေါ်ကျပြီး လူလတ်ပိုင်းအမျိုးသားပွဲချင်းပြီး သေသွားပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် နေအိမ်လည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဩဂုတ် ၃၁ ရက်ကပဲ ဝက်လက်မြို့နယ် ရွာနန်းရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့ပါတယ်။

















































