Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ-၄၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် မနေ့ ညနေ ၆နာရီခွဲကျော်မှာ ရွှေဘိုမြို့ရှိ စစ်အုပ်စုရဲ့ လေ့ကျင့်ရေး ၈ ကနေ တက်လာတဲ့ ဒရုန်းဟာ ဝက်လက်မြို့ရဲ့ အ ရှေ့ဘက် ကံပေါက်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး လူလတ်ပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ပွားခြင်း၊စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လာချသွားတာပါ။ အိမ်ပေါ်ကျပြီး လူလတ်ပိုင်းအမျိုးသားပွဲချင်းပြီး သေသွားပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နေအိမ်လည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ‌‌‌‌‌‌‌‌အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဩဂုတ် ၃၁ ရက်ကပဲ ဝက်လက်မြို့နယ် ရွာနန်းရွာကို ‌ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့(စက်တင်ဘာ ၄ရက်)နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။