Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ကြောင်းတိုက်ပွဲ စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေ ‌ဒေါ်လာသန်းချီတန်ဖိုးဆုံးရှုံး

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

(စစ်တပ်ရဲ့ ​ရေယာဥ်​တွေကို KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်က ဧရာဝတီမြစ်အတွင်းတိုက်ခိုက်ဖျက်ဆီးစဥ်။ဓါတ်ပုံ-File)

စက်တင်ဘာ-၄၊၂၀၂၆။ယောနသံ/ People’s Spring

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းစစ်တပ်ကတိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင် သင်္ဘော ၈ စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်နေ့က ထွက်လာတာကို ကသာနဲ့ ​ရွှေကူကြား ၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊PDF နဲ့မဟာမိတ်​တွေကတိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာလ ၂ ရက်က ​ရွှေကူနဲ့ ဗန်း​​မော်ကြားမှာတိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၅ စီးခန့် ဖျက်ဆီးခံရတဲ့အပြင်စစ်သင်္ဘော ၂ စီးဟာလက်နက်ချပြီးစစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံအလင်းဝင်ခဲ့တယ်လို့ကချင်သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြစ်ကမ်းဘေးတလျှောက်လုံခြုံရေးလည်း မလုပ်နိုင်။လေ( လေတပ်)က ဗုံးကြဲတဲ့ကြားထဲက အထိအခိုက်များလို့ စစ်ဆင်ရေးကျရှူံးတယ်လို့ တပ်ချုပ်က မှတ်ချက်ပြုတယ်။ နောက်ပြီး ကုန်တွေအကုန်နီးပါး ဆုံးရှုံးတယ်။ ‌တာဝေးပစ် အမြောက်တွေ KIA ရသွားတယ်။ဒါတွေ စုံခုံစစ်ခံရမှာ” လို့ နေပြည်တော်ကစစ်​ရေး သတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်သင်္ဘောအုပ်စုမှာပါတဲ့ကုန်တင်ရေယာဉ်တွေမှာ ဗန်းမော်မြို့နယ်ထဲကစကခ ၂၁၊ ခလရ(၂၃၆)၊ အမှတ်(၃၆၆) အမြောက်တပ်အပါအဝင် တပ်ရင်းတွေထဲက ပျက်စီးနေတဲ့ အဆောက်အဦတွေ ပြန်ပြင်ဖို့ သံထည်တွေနဲ့ ဘိလပ်မြေအိတ်တွေ အများအပြားသယ်ဆောင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

“စစ်တပ်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ထဲကလူတွေ သယ်လာတဲ့ အိမ်ဆောက်ပစ္စည်းတွေ အကုန် ကုန်တယ်။ လက်ရှိပေါက်ဈေးနဲ့ ဒေါ်လာသန်းချီတန်တယ်။တပ်ထဲမှာအဲ့ဒီပြဿနာတော်တော်ကြီးနေတယ်”လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်သင်္ဘော တွေနှစ်မြုပ်ခံရတဲ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့လေတပ်က လေယာဉ်အစီးရေများစွာနဲ့ ဗုံးရာချီကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ KIA၊KPDFကို ဟန့်တားနိုင်ခြင်းလုံးဝမရှိခဲ့ဘူးလို့ စစ်ကောင်စီတပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စက်တင်ဘာလ ၂ရက် တပ်တွင်းအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။​တော်လှန်​ရေးတပ်​တွေက စကခ ၂၁အပါအဝင် စစ်တပ်ရင်းတွေကို ပိတ်ဆို့ထားပြီးအခုစစ်သင်္ဘော​တွေ မ​ရောက်ခင် စစ်တပ်ဟာ ရိက္ခာပြတ်​​နေပြီလို့ စုံစမ်းသိရပါတယ်။

စစ်တပ်ကဗန်း​မော်အတွက် လေကြောင်းကနေ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာ​တွေကိုအင်အားဖြည့်သလို မိုးတွင်းကာလရောက်ရင်ဧရာဝတီမြစ်ကြောင်းကတစ်ဆင့် အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့နေပါတယ်။ ၂၀၂၅ ခုနှစ် မိုးရာသီမှာလည်း ဧရာဝတီမြစ်ကြောင်းကတက်လာတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ​ကြောင့်​ရေးယာဥ်အချို့ပျက်စီးခဲ့ပါတယ်။အခုအကြိမ်မှာ​တော့ စစ်​ရေယာဥ်အုပ်စုပျက်စီးဆုံးရှုံးမှု ပိုများခဲ့တာဖြစ်ပါတယ် ။

ဗန်း​​မော်ကိုစစ်​ရေယာဥ်အချို့​ရောက်လို့တိုက်ပွဲ​တွေပိုပြင်းထန်လာနိုင်သလားလို့ လူထု​နွေဦးရဲ့မေးခွန်းအ​ပေါ် KIO/KIA သတင်းပြန်ကြား​ရေး ဌာနတာဝန်ခံဗိုလ်မှူးကြီး​နော်ဘူက”ဗန်းမော်မှာသူတို့ထင်သလောက် သင်္ဘောတွေအားလုံးဝင်နိုင်ပြီးမှ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ အဲဒါတွေ ဖြည့်နိုင်လို့ရှိရင်တော့ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန်လာနိုင်တယ်လို့ဒါကကျနော်သုံးသပ်တာပေါ့နော်။ဒါပေမဲ့အခုတော့သူတို့ ထင်သလောက် မဟုတ်လောက်ဘူးထင်တယ်” လို့ ​စက်တင်ဘာ ၄ ရက်မှာပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့(စက်တင်ဘာ ၄ရက်)နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။