Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ကြောင်းတိုက်ပွဲ စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေ ‌ဒေါ်လာသန်းချီတန်ဖိုးဆုံးရှုံး

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

(စစ်တပ်ရဲ့ ​ရေယာဥ်​တွေကို KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်က ဧရာဝတီမြစ်အတွင်းတိုက်ခိုက်ဖျက်ဆီးစဥ်။ဓါတ်ပုံ-File)

စက်တင်ဘာ-၄၊၂၀၂၆။ယောနသံ/ People’s Spring

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းစစ်တပ်ကတိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင် သင်္ဘော ၈ စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်နေ့က ထွက်လာတာကို ကသာနဲ့ ​ရွှေကူကြား ၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊PDF နဲ့မဟာမိတ်​တွေကတိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာလ ၂ ရက်က ​ရွှေကူနဲ့ ဗန်း​​မော်ကြားမှာတိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၅ စီးခန့် ဖျက်ဆီးခံရတဲ့အပြင်စစ်သင်္ဘော ၂ စီးဟာလက်နက်ချပြီးစစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံအလင်းဝင်ခဲ့တယ်လို့ကချင်သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြစ်ကမ်းဘေးတလျှောက်လုံခြုံရေးလည်း မလုပ်နိုင်။လေ( လေတပ်)က ဗုံးကြဲတဲ့ကြားထဲက အထိအခိုက်များလို့ စစ်ဆင်ရေးကျရှူံးတယ်လို့ တပ်ချုပ်က မှတ်ချက်ပြုတယ်။ နောက်ပြီး ကုန်တွေအကုန်နီးပါး ဆုံးရှုံးတယ်။ ‌တာဝေးပစ် အမြောက်တွေ KIA ရသွားတယ်။ဒါတွေ စုံခုံစစ်ခံရမှာ” လို့ နေပြည်တော်ကစစ်​ရေး သတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်သင်္ဘောအုပ်စုမှာပါတဲ့ကုန်တင်ရေယာဉ်တွေမှာ ဗန်းမော်မြို့နယ်ထဲကစကခ ၂၁၊ ခလရ(၂၃၆)၊ အမှတ်(၃၆၆) အမြောက်တပ်အပါအဝင် တပ်ရင်းတွေထဲက ပျက်စီးနေတဲ့ အဆောက်အဦတွေ ပြန်ပြင်ဖို့ သံထည်တွေနဲ့ ဘိလပ်မြေအိတ်တွေ အများအပြားသယ်ဆောင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

“စစ်တပ်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ထဲကလူတွေ သယ်လာတဲ့ အိမ်ဆောက်ပစ္စည်းတွေ အကုန် ကုန်တယ်။ လက်ရှိပေါက်ဈေးနဲ့ ဒေါ်လာသန်းချီတန်တယ်။တပ်ထဲမှာအဲ့ဒီပြဿနာတော်တော်ကြီးနေတယ်”လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်သင်္ဘော တွေနှစ်မြုပ်ခံရတဲ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့လေတပ်က လေယာဉ်အစီးရေများစွာနဲ့ ဗုံးရာချီကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ KIA၊KPDFကို ဟန့်တားနိုင်ခြင်းလုံးဝမရှိခဲ့ဘူးလို့ စစ်ကောင်စီတပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စက်တင်ဘာလ ၂ရက် တပ်တွင်းအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။​တော်လှန်​ရေးတပ်​တွေက စကခ ၂၁အပါအဝင် စစ်တပ်ရင်းတွေကို ပိတ်ဆို့ထားပြီးအခုစစ်သင်္ဘော​တွေ မ​ရောက်ခင် စစ်တပ်ဟာ ရိက္ခာပြတ်​​နေပြီလို့ စုံစမ်းသိရပါတယ်။

စစ်တပ်ကဗန်း​မော်အတွက် လေကြောင်းကနေ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာ​တွေကိုအင်အားဖြည့်သလို မိုးတွင်းကာလရောက်ရင်ဧရာဝတီမြစ်ကြောင်းကတစ်ဆင့် အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့နေပါတယ်။ ၂၀၂၅ ခုနှစ် မိုးရာသီမှာလည်း ဧရာဝတီမြစ်ကြောင်းကတက်လာတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ​ကြောင့်​ရေးယာဥ်အချို့ပျက်စီးခဲ့ပါတယ်။အခုအကြိမ်မှာ​တော့ စစ်​ရေယာဥ်အုပ်စုပျက်စီးဆုံးရှုံးမှု ပိုများခဲ့တာဖြစ်ပါတယ် ။

ဗန်း​​မော်ကိုစစ်​ရေယာဥ်အချို့​ရောက်လို့တိုက်ပွဲ​တွေပိုပြင်းထန်လာနိုင်သလားလို့ လူထု​နွေဦးရဲ့မေးခွန်းအ​ပေါ် KIO/KIA သတင်းပြန်ကြား​ရေး ဌာနတာဝန်ခံဗိုလ်မှူးကြီး​နော်ဘူက”ဗန်းမော်မှာသူတို့ထင်သလောက် သင်္ဘောတွေအားလုံးဝင်နိုင်ပြီးမှ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ အဲဒါတွေ ဖြည့်နိုင်လို့ရှိရင်တော့ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန်လာနိုင်တယ်လို့ဒါကကျနော်သုံးသပ်တာပေါ့နော်။ဒါပေမဲ့အခုတော့သူတို့ ထင်သလောက် မဟုတ်လောက်ဘူးထင်တယ်” လို့ ​စက်တင်ဘာ ၄ ရက်မှာပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။