Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံး၊ သေနတ် ၁လက် သိမ်းရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၂ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဒီပဲယင်းမြို့ပေါ်ကနေ ရိက္ခာရှာ ထွက်လာတဲ့ အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်နယ် (၁)၊ တိုက်နယ် (၂) တို့ ထိပ်တိုက်တွေ့ကာ ၁၅ မိနစ်ခန့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်က တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဒီကနေ့ စက်တင်ဘာ ၅ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက် နယ်မြေရှင်းလင်းရာ သေဆုံးသွားတဲ့ တပ်ကြပ်ရဲ့ ရုပ်အလောင်းအပြင် MA-1 သေနတ် တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

“တပ်ကြပ်အလောင်းကို သယ်မသွားကြဘူး။ ဒီကောင်တွေကပစ်တော့ပြေးတာပေါ့။ သူတို့ကောင်သေလို့သေမှန်းတောင်မသိကြဘူး။ နောက်တစ်ကောင်ကလည်းခုသတင်းရတာတော့ သေတယ်လို့ သတင်းရတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ဒီပဲယင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုမရှိဘဲ ​ငြိမ်သက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအပြင် ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကလည်း ရေကြီးရေလျှံတဲ့ဘေးပါ ခံခဲ့ရပြီး သီးနှံတွေပါ ရေမြုပ်ပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်မင်းလက်ပံနဲ့ ဖလူးရွာတွေဘက်မှာ ဒီရက်ပိုင်းအတွင်းအာဏာသိမ်းစစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲချမှုကြောင့် ဖလူးကျေးရွာမှာစစ်ရှောင်ပြည်သူတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့နယ် ကျောက်ဂူ–အင်တောရွာကြားမှာ အာဏာသိမ်း စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုများတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။