Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ ရွှေဘိုမှာ ဝက်လက်ဒေသခံလူငယ်တွေကို စစ်တပ် ပေါ်တာဆွဲနေလို့ ကျောင်းသားသမဂ္ဂ သတိပေး

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

စက်တင်ဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မန္တလေး ၊ ရွှေဘို မြို့ကြီးတွေမှာ ယခုရက်ပိုင်းအတွင်း ဝက်လက်မြို့နယ်အတွင်းမှ မြို့ပေါ်သို့ မိသားစုလုပ်ငန်းလုပ်နေတဲ့ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာ၊ ခရီးသွားလာရင်း လမ်းကနေ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာ၊အဆောင်ငှားရမ်း‌နေထိုင်တဲ့ အမျိုးသမီးလူငယ်ပိုင်းတွေကို အဆောင်အတွင်းထိ ဝင်ရောက်ဖမ်းဆီးတာတွေကိုဆက်တိုက်ပြုလုပ်နေကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က အသိပေးပါတယ်။

ဒါ့ကြောင် ဝက်လက်မြို့‌နယ်အတွင်းကနေ မြို့ကြီးတွေမှာလုပ်ငန်းလုပ်နေကြတဲ့ လူငယ်တွေအနေနဲ့ သတိ ၊ အသိရှိစွာနေထိုင်ကြဖို့နဲ့ မိမိတို့နယ်မြေ ပရဝဏ်အတွင်း ရွှေ့ပြောင်းနေထိုင်သင့်ကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဝက်လက်ကနေ ရွှေဘိုကိုသွားတဲ့လူငယ်တွေကို ဆွဲတာမျိုးရှိတယ်။ လမ်းကနေဆွဲတာပေါ့”လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ရှုံးကာ ၎င်းတို့ စစ်အခြေစိုက်စခန်းတွေ၊ မြို့တွေကနေ ဆုတ်ခွာခဲ့ရပြီး ပြန်လည်သိမ်းပိုက်ဖို့ စစ်အင်အားပြန်လည်စုဆောင်းဖို့အတွက် အတင်းအဓမ္မစစ်မှုထမ်း ပေါ်တာဆွဲတာတွေ ပြုလုပ်နေကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ထပ်မံအသိပေးထားပါတယ်။

ယခု စက်တင်ဘာလဆန်းမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းပေါ်တာဆွဲတာ၊ အိမ်တိုင်ရာရောက်ဖမ်းဆီးတာတွေ ဖြစ်ပွားနေပြီး လူငယ်အများစု ဖမ်းဆီးခံထားရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ်(၂၈)ကို စတင်ဖို့ ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ပထမပတ်အတွင်းမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေကနေ စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရတဲ့ လူငယ် ၂၀ ကျော် အထိရှိနေတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို တင်ပေးနေတဲ့ Scout Channel တွေက ဖော်ပြထားပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။