စက်တင်ဘာ-၇၊၂၀၂၆။ဇော်၀င်း/People’s Spring
တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သားတွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်းလက်နက်တွေယူလာပြီးခိုလှုံလာသူ ၂၀ နီးပါးကရှမ်းပြည်အခြေစိုက် စစ်တပ်ရဲ့ ခမရ (၄၂၂) ၊ ခမရ( ၅၁၈)စတဲ့တပ်ရင်းတွေကလို့ သိရပါတယ်။
“၄၂၂တပ် CDM ၁၀ လက်ကျော် စုစုပေါင်း CDMသီးသန့်တောင်အလက်၂၀လောက်ရခဲ့တယ်”လို့ အထက်ပါတာ၀န်ရှိသူကပြောပါတယ်။

Public Service Announcement
ဒါ့အပြင်ဖယ်ခုံ၊မိုးဗြဲနဲ့ ညောင်ရွှေတိုက်ပွဲတွေအတွင်း စစ်တပ်နဲ့ PNO ပြည်သူ့စစ် ဆီကနေသိမ်းဆည်းရမိတဲ့လက်နက်တွေအများအပြားရှိတယ်လို့ သူကဆက်ပြောပါတယ်။
တဖက်မှာလည်း အမှတ်(၁၀၀၆)တပ်ရင်းရဲ့ ရဲဘော် ၃၀ ကျော်ကျဆုံးထားပြီးကိုယ်လက်အဂါ်ထိခိုက်ခဲ့သူ ၂၀ ဦးနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မိုးဗြဲမြို့အနီး မကြာခဏ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း-၂၊ အမှတ်(၁၀၀၆)တပ်ရင်းဟာ ရှမ်းတောင် -ကရင်နီ တပ်ဖွဲ့တွေနဲ့အတူ ခုခံကာကွယ်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတပ်ရင်းရဲဘော်တွေရဲ့အပါတ်စဥ်(၃)မွမ်းမံစစ်သင်တန်းဆင်းပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့လည်းအမှတ်(၁၀၀၆) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


















































