Connect with us

Hi, what are you looking for?

သတင်း

ဘားအံနဲ့ မော်လမြိုင်မှာ ထိုင်းကုန်စည်ကားတွေကို ကြားဖြတ်ဖမ်းဆီးနေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

အာရှလမ်းလမ်းပိုင်းတစ်နေရာကိုတွေ့ရပုံ - ဓာတ်ပုံ - MOI

စက်တင်ဘာ – ၇၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်တင် ကားအစီးရေဆယ်ချီကို ပြီးခဲ့တဲ့ရက်ိုင်း စက်တင်ဘာ ၅ ရက် က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပေါ် ကြက်သွန်ကုန်းနဲ့ နတ်စမ်းရွာအနီးမှာ ဖမ်းဆီးလိုက်တယ်လို့ ကုန်သည်သတင်းရင်းမြစ်က ပြောပါတယ်။

“အခု(ကျိုက်မရောဘက်ကို)လမ်းကြောင်းလိုက်ပြီး ဆွဲစိနေတယ်၊ ဖမ်းလိုက်တာအများကြီးပဲလို့ အဲဒီကုန်သည်သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ရောက်ရှိလာတဲ့ နေပြည်တော်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က ဦးစီးဦးဆောင်ဖမ်းဆီးတာဖြစ်ပြီး ကုန်ပစ္စည်းတန်ဖိုး အများအပြား ဆုံးရှုံးခဲ့တယ်လို့ ကုန်သည်သတင်းရင်းမြစ်က ပြောပါတယ်။

ဖမ်းဆီးသိမ်းဆည်းသွားတဲ့ ထိုင်းကုန်စည်တွေကို မော်လမြိုင်မှာ စစ်တပ်က လေလံတင်ပြီး ပြန်လည်ရောင်းချနေတယ်လို့လည်းအသိပေးပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတတိယအပတ်အတွင်းက ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ထိုင်းကုန်စည်ပစ္စည်းတွေတင်ဆောင်လာတဲ့ ကားအစီးရေ ၈၀ ခန့်ကိုလည်း နေပြည်တော်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က ဦးစီးဦးဆောင်ပြီး ဖမ်းဆီးခဲ့တာရှိပါတယ်။

ဘားအံက ထိုင်းကုန်စည်တွေ ဖမ်းဆီးမှုအတွင်းမှာ ကားသမားတွေနဲ့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့ DKBA ၊ BGF၊ PC က စီးပွားရေးတာဝန်ခံတွေ ပါဝင်နေပြီး စက်တင်ဘာ ၇ ရက်နေ့အထိ လွှတ်မြောက်လာခြင်းမရှိသေးဘဲ စစ်တပ်နဲ့ ဆက်ပြီး ညှိနှိုင်းဆွေးနွေးနေဆဲပဲလို့ ကုန်သည်သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းနယ်စပ် မြ၀တီမြို့ကနေ ဘားအံမြို့ကို ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်တွေကိုလည်း က်လံဖမ်းဆီးမှုတွေ ဆက်ပြီးရှိနေတယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက်ဆိုပြီး အာဏာသိမ်းစစ်တပ်က ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားနဲ့ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးတို့ကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် မြ၀တီမြို့ အမှတ် (၂ )ချစ်ကြည်ရေးတံတားမှာ ထိုင်းသွင်းကုန်ယာဉ်တွေ ဝင်ရောက်လာမှုဟာ အစီးရေ ၁၀ စီးတောင် မပြည့်ဘူးလို့ ကုန်သည်သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အခုတစ်ပတ်အတွင်း ပြည်တွင်းကနေ ထိုင်းကို တင်သွင်းမယ့် ပို့ကုန်ယာဉ်တွေကလည်း အစီးရေအနည်းငယ်သာရှိနေတယ်လို့ ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြ၀တီမြို့ ကုန်သွယ်ရေးဇုန်မှာ ထိုင်းပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်၊ အိမ်စီးယာဉ်တွေကို တင်းတင်းကျပ်ကျပ် တားဆီးစစ်ဆေးနေသလို သင်္ဃန်းညီနောင်ရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်နဲ့ ကော့ကရိတ်မြို့က တံတားကျိုးစစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးဖမ်းဆီးနေတယ်လို့ ကုန်သည်သတင်းရင်းမြစ်က ပြောပါတယ်။

နယ်စပ်ကနေ ထိုင်းကုန်စည်တွေ အဓိကဝင်ရောက်လာတဲ့ မြ၀တီမြို့က အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့အစည်း BGF DKBA PC အဖွဲ့တို့ ထိန်းချုပ်တဲ့ နယ်စပ်ဂိတ်တွေကိုတော့ စစ်တပ်က ဝင်ရောက်ဖမ်းဆီးတာမျိုးမရှိဘဲ ကုန်သည်တွေရဲ့ ထိုင်းကုန်ပစ္စည်းသိုလှောင်ထားတဲ့ ဂိုဒေါင်တွေကို ပဲ ဖမ်းဆီးသိမ်းဆည်းမှုတွေ လုပ်ဆောင်နေတာပါ။

လက်ရှိ မြ၀တီနယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ ထိုင်းကုန်တွေကို ပြည်တွင်းကို လမ်းကြောင်းအသီးသီး ကနေ ပို့ဆောင်နေရတာဖြစ်ပြီး ပို့ကုန်ကတော့ အနည်းငယ်သာရှိနေတာပါ။

နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ထားတယ်လို့ စစ်ကောင်စီက ပြောဆိုနေပေမယ့် ထိုင်းကုန်စည်အတွက် သွင်းကုန်လိုင်စင်တွေကို စစ်တပ်က ဒီနေ့အချိန်အထိ ခွင့်မပြုသေးပါဘူး။

သွင်းကုန်လိုင်စင်ရဖို့အတွက် ကုန်သည်တွေရဲ့ လျှောက်လွှာတင်ထားတဲ့အရေအတွက်ဟာ သောင်းချီရှိနေတယ်လို့ ကုန်သည်သတင်းရင်းမြစ်က ပြောပါတယ်။

သွင်းကုန်လိုင်စင်အများစုအတွက် စစ်တပ်က တရားဝင်မချပေးသေးဘဲ လိုအပ်တဲ့ပစ္စည်းတွေလောက်သာ အနည်းအကျဉ်းချပေးတာလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

အရင်က ကားတာယာ၊ အဲကွန်း (Aircon) စတာတွေကို စစ်တပ်က တင်သွင်းခွင့်ပေးထားပေမယ့် နောက်ပိုင်းမှာတော့ အဲဒီကုန်စည်တါေကို တင်သွင်းခွင့်မပေးတော့ဘဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။

အာဏာသိမ်းစစ်တပ်ကတော့ မြ၀တီနယ်စပ်ကနေ ထိုင်းနိုင်ငံကို ပို့ကုန်သွင်းကုန်လိုင်စင်တွေ ခွင့်ပြုထားပြီး ပို့ကုန်အနေနဲ့ ပြောင်း၊ ထောပတ်သီး၊ ကွမ်းသီး၊ နနွင်းတက်နဲ့ ကြက်သွန်နီတွေ အများစုတင်ပို့နေသလို သွင်းကုန်အနေနဲ့ ထိုင်းဘတ်ငွေ သန်း ၆၂၀ တန်ဖိုးရှိ သွင်းကုန်လိုင်စင်တွေ ခွင့်ပြုထုတ်ပေးထားရှိကြောင်း ဇွန်လ ၁ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။