Connect with us

Hi, what are you looking for?

သတင်း

MNDAAထိန်းချုပ်​ဒေသ သိန္နီမြို့မှာ ပေါက်ကွဲမှုဖြစ်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

(သိန္နီမြို့တ​နေရာကို ၂၀၂၅ခုနှစ်မှာ​တွေ့ရစဥ်။ဓါတ်ပုံ-The Kokang )

စက်တင်ဘာ-၈၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သိန္နီမြို့နယ်၊ စယ်အူရွာမှာ စက်တင်ဘာလ ၈ရက် မနက် ၅နာရီကျော်က ပေါက်ကွဲတာဖြစ်ပြီး လက်ရှိမှာ MNDAA တပ်ဖွဲ့ဝင်တွေ လာစစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“လေယာဉ်ပစ်တယ် စစချင်းပြောပေမယ့် အခုကယမ်းသိုလှောင်ရုံပေါက်ကွဲတယ်လို့ ပြောကြတယ်။အပျက်အစီးတော့ရှိတယ်။ ကိုးကန့်တွေ( MNDAAတပ်ဖွဲ့ဝင်များ)ကပိတ်ထားတော့ ဘာမှ ထပ်မသိရဘူး”လို့ သိန္နီမြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သိန္နီမြို့ဟာ ၂၀၂၃အောက်တိုဘာလ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ MNDAAက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။MNDAAဟာအာရက္ခတပ်တော်(AA)၊TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖော်ဆောင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးနဲ့အတူ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ထားပါတယ်။

တရုတ်အစိုးရရဲ့ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာစစ်ကောင်စီထံကျည် ၁ ချက်မ​ဖောက်ဘဲ ပြန်လွှဲပေးခဲ့ရပြီး အပစ်ရပ်ထားပါတယ်။ သိန္နီမြို့နဲ့ TNLA ဆီကနေ ပြန်ယူထားတဲ့ကွတ်ခိုင်မြို့ကိုလည်းပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေပါတယ်။

MNDAAကတော့ထိန်းချုပ်မြို့နယ်တွေမှာ အုပ်ချုပ်ရေး ယန္တရားအခိုင်အမာပြင်ဆင်ပါတယ်။ကိုးကန့်ဒေသကို အထူးဒေသ(၁) အဖြစ်သတ်မှတ်ထားပြီးမြို့တော်အဖြစ်လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းထားပါတယ်။

ဒီနေ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး MNDAA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။