Connect with us

Hi, what are you looking for?

သတင်း

ကချင် လာတဲ့ စစ်တပ်သင်္ဘောတွေ မြစ်ဘေးကရွာတွေကို ပစ်ခတ်တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်လို့ ကသာမြို့နယ်က ကျေးရွာတစ်ရွာ မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ သင်္ဘော ၄စီးဟာ စက်တင်ဘာ ၈ရက်မနက်မှာ ကသာမြို့ကနေ ရွှေကူမြို့ဘက်ကို ဆန်တက်သွားတာဖြစ်ပြီး ကသာမြို့နယ်အတွင်းက မိုးတားလေးရွာ၊ ဗောဓိကုန်းရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လို့ ပြည်သူလူထုနေအိမ်အချို့ မီးလောင်ခဲ့ရကြောင်းလည်း သတင်းရင်းမြစ်အချို့က ဓာတ်ပုံမှတ်တမ်းဖော်ပြ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်သင်္ဘောတွေလာတိုင်း မြစ်ဘေးရွာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လေ့ရှိလို့ ပြည်သူတွေ ဘေးကင်းရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးနှိုးဆော်ထားတာရှိပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းမှာ ကြိုးပမ်းခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်သင်္ဘောအုပ်စုအထိနာပြီး ဗန်းမော်မြို့ကို စစ်အင်အားတွေ ရည်မှန်းတဲ့အတိုင်း ဖြည့်တင်းနိုင်ခြင်းမရှိပါဘူး။

ဒါကြောင့် စစ်တပ်က စစ်သင်္ဘောအချို့နဲ့ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ တပြိုင်တည်းမှာ ဧရာ၀တီမြစ်ကူးတံတား (စင်းခန်း)ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ မြေပြင်စစ်ကြောင်းထိုးနေလို့တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄ရက်အတွင်း သင်္ဘော ၉စီးထက်မနည်း ပျက်စီး၊ မန္တလေးကနေ စစ်တပ်သင်္ဘော ၃၀ခန့် ထပ်မံဆန်တက်လာ

သတင်း

ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

သတင်း

ကသာနဲ့ ရွှေကူကြား စစ်သင်္ဘောတွေ တိုက်ခိုက်ခံရ၊ သင်္ဘောအချို့ ရွှေ့ကူမြို့ရောက်