Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံဆိုက်ဘာစီးတီးမှာကျောင်းသားအချင်းချင်းဓားထိုးမှုဖြစ်လို့ တစ်ဦးသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

ဓာတ်ပုံ - ဝီကီ

စက်တင်ဘာ -၉ ၊၂၀၂၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

မနေ့ ညပိုင်းမှာရတနာပုံဆိုက်ဘာစီးတီး နည်းပညာ တက္ကသိုလ်ကျောင်းရဲ့အမျိုးသားအဆောင် မှာကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

ရွှေကျွန်းသာအမျိုးသားအဆောင်တတိယထပ်မှာကျောင်းသားနှစ်ဦး ဆူညံနေတဲ့အတွက်အောက်ထပ်ကကျောင်းသားတစ်ဦးကမဆူဖို့ သွားပြောရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်သားနှစ်ဦးကသူတို့ကိုမဆူဖို့ လာပြောတဲ့ကျောင်းသားကိုထိုးကြိတ်ရာမှာအထိုးခံရတဲ့ကျောင်းသားကအဆောင်ဝရန်တာမှာရှိနေတဲ့ ကြက်သွန်လှီးဓားနဲ့ ထိုးရာမှာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးလည်း ဓားဒဏ်ရာရကာ စိုးရိမ်ရတယ်လို့သိရပါတယ်။

“ကောင်လေးကို ပြင်စာရဲစခန်းမှာ လာဖမ်းသွားပါတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ဒေသခံကပြောပါတယ်။

ဓားနဲ့ထိုးတဲ့ ကျောင်းသားကိုပြင်ဦးလွင်မြို့နယ် ၊ပြင်စာရွာ ရဲစခန်းမှာ လူသတ်မှုပုဒ်မနဲ့ ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။