Connect with us

Hi, what are you looking for?

News

ဖရူဆိုဒေသခံ ၃၅ဦးကို ဓာတ်ဆီလောင်းမီးရှို့ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို BGF တပ်ဖွဲ့ထားသည့် KNPLF ကန့်ကွက်ရှုံ့ချ

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသော ကလေးနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ရွာသား ၃၅ဦးကို စစ်တပ်က ကားပေါ်ပစ်တင်၍ ဓာတ်ဆီလောင်းကာ အရှင်လတ်လတ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့ ခြင်းသည် ရာဇဝတ်မှုမြောက် အကြမ်းဖက်မှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း KNPLFက ထုတ်ပြန်သည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်တွင် ဒေသခံပြည်သူ ၃၅ဦးကို အရှင်လတ်လတ် ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် လုပ်ရပ်ကို ကန့်ကွက်ရှုံ့ချကြောင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ဖွဲ့စည်းထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦး(KNPLF)က ယနေ့ ထုတ်ပြန်သည်။

ကလလတအဖွဲ့ဟု ခေါ်ဆိုသည့် KNPLFသည် ၁၉၉၄ ခုနှစ် မေလက အပစ်အခတ်ရပ်စဲကာ ၂၀၀၉ တွင် စစ်တပ်လိုလားသည့် နယ်ခြားစောင့်တပ်ကို လက်ခံဖွဲ့စည်းခဲ့သည့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဖြစ် သည်။

ဖရူဆိုမြို့နယ် မူဆိုကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ရက်က စစ်ကောင်စီတပ်က ဒေသခံ ရွာသား ၃၅ဦးကို ဖမ်းဆီးစဉ် ပြည်သူလူထုက နယ်ခြားစောင့်တပ်ကို အကူအညီတောင်းခံ၍ နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲဘော် ​လေးဦးက သွားရောက်ညှိနှိုင်းရာ စစ်ကောင်စီတပ်က အဆိုပါရဲဘော် ​လေးဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုး တုပ်၍ ဦးခေါင်းကို ပစ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု KNPLFက ၎င်းတို့ တပ်ဖွဲ့ဝင် ​လေးဦး သေဆုံးခဲ့ရမှု အခြေအနေကို ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသော ကလေးနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ရွာသား ၃၅ဦးကို စစ်တပ်က ကားပေါ်ပစ်တင်၍ ဓာတ်ဆီလောင်းကာ အရှင်လတ်လတ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့ ခြင်းသည် ရာဇဝတ်မှုမြောက် အကြမ်းဖက်မှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း KNPLFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNPLF နှင့် နယ်ခြားစောင့်တပ်မှာ ပြည်သူ့ဆန္ဒနှင့်အညီ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့သော်လည်း စစ်တပ်က မိမိတို့ ပြည်သူလူထုအပေါ် ဥပဒေမဲ့ အကြမ်းဖက် ရာဇဝတ်မှုကို ကျူးလွန်သည့် အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း KNPLFက ထုတ်ပြန်သည်။

သို့​သော် KNPLF၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်ရန်ရှိ၊မရှိကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။