Connect with us

Hi, what are you looking for?

သတင်း

မန္တလေးလေဆိပ် ပိတ်ပြီး နိုင်ငံတကာခရီးစဉ်တွေအားလုံး ယာယီရပ်ဆိုင်းကြောင်း MAI ထုတ်ပြန်

တံတားဦးလေတပ်စခန်းက တိုက်လေယာဉ်တွေ ဒရုန််းနဲ့ တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်လိုက်ပြီး နိုင်ငံတကာခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ MAI (Myanmar Airways International) လေကြောင်းလိုင်းက စက်တင်ဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

(စက်တင်ဘာ ၁၀ ရက်ညပိုင်းမှာ PDF ပူးပေါင်းတပ်တွေက တံတားဦးလေတပ်စခန်းရဲ့တိုက်လေယာဉ်တွေထားရှိရာကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screengrab)

စက်တင်ဘာ ၁၁၊၂၀၂၆။တာရာ/People’s Spring

တံတားဦးလေတပ်စခန်းက တိုက်လေယာဉ်တွေ ဒရုန််းနဲ့ တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်လိုက်ပြီး နိုင်ငံတကာခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ MAI (Myanmar Airways International) လေကြောင်းလိုင်းက စက်တင်ဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက်ညပိုင်းမှာ PDF ပူးပေါင်းတပ်တွေက တံတားဦးလေတပ်စခန်းရဲ့တိုက်လေယာဉ်တွေထားရှိရာကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုရုပ်သံမှာ လေယာဥ် ၆စီးခန့် ထားရှိဖို့ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံရှိရာကို ပျံသန်းလာတဲ့ ဒရုန်းဟာ တိုက်လေယာဉ် ၁စီးရှိရာ ရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြထားသူ သတင်းရင်းမြစ်က တိုက်ခိုက်မှုကို ဒရုန်း ၆စီး အသုံးပြု စစ်ရေးဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

MAI လေကြောင်းလိုင်းက လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေတွေကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ကပ်မယ့် သို့မဟုတ် လေဆိပ်က ထွက်ခွာမယ့် နိုင်ငံတကာခရီးစဉ်တွေ အားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

ရပ်ဆိုင်းထားတဲ့ကာလအတွင်း မန္တလေး လေဆိပ် ဆိုက်ကပ်ရန် သို့မဟုတ် လေဆိပ်က ထွက်ခွာရန် လျာထားတဲ့ MAI နဲ့ မင်္ဂလာလေကြောင်းလိုင်းတို့ရဲ့ ပြည်တွင်းခရီးစဉ်တွေအားလုံးကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ် ပြောင်းလဲ ပြေးဆွဲသွားမယ်လို့ ဖော်ပြထားပါတယ်။

ခရီးစဉ်ထိခိုက်မှုရှိတဲ့ ခရီးသည်တွေအနေနဲ့ လက်မှတ်ခ အပြည့်အဝ ပြန်လည် ထုတ်ယူခြင်း၊ ခရီးစဥ်လမ်းကြောင်းကို အခမဲ့ ၁ကြိမ်ပြောင်းလဲနိုင်ခြင်း လုပ်တယ်လို့လည်း ဆိုပါတယ်။

ခရီးသွား အေဂျင်စီတွေ သို့မဟုတ် အွန်လိုင်း ကိုယ်စားလှယ်တွေက တစ်ဆင့် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေ အနေနဲ့ သက်ဆိုင်ရာ အေဂျင်စီများထံ တိုက်ရိုက် ဆက်သွယ်ရန်နဲ့ လေကြောင်းခရီးစဥ်တွေ ရပ်ဆိုင်းမှုအတွက် တောင်းပန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေတပ်တိုက်ခိုက်ခံရပြီးနွားထိုးကြီးမြို့နယ်မှတိုက်ပွဲဖြစ်

သတင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72 လေယာဉ်တစ်စင်းဟာ ဘရိတ်စနစ်ချို့ယွင်းမှုကြောင့် ရပ်နားထားတဲ့ MAI ရဲ့ Airbus A319 လေယာဉ်ကိုဒီ​​နေ့မနက်ပိုင်းမှာဝင်တိုက်မိခဲ့ပါတယ်။

သတင်း

စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီကို မန္တလေးလေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝယ်ပေးခဲ့သည့် လေယာဥ်နေရာတွင် အစားထိုးရန် Myanmar Airways International (MAI)က လေယာဥ်တစ်စီးကို ဝယ်ယူလိုက်သည်။