Connect with us

Hi, what are you looking for?

News

ရွှေဘို-မန္တ​လေးလမ်းတွင် စစ်​ကောင်စီယာဥ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီထောက်ပို့ယာဉ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

(အာဏာသိမ်းပြီးစက ဆန္ဒပြသူများကိုဖြိုခွင်းရန် ​စောင့်ကြည့်​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များ)

ယမန်နေ့ (ဒီဇင်ဘာလ ၂၄ရက်)ည ၉နာရီခွဲအချိန်က စစ်ကိုင်းမှရွှေဘိုသို့ ဦးတည်ထွက်ခွာလာသည့် နောက်ပိုင်းမိုးကာအုပ်ထားသောစစ်ကောင်စီထောက်ပို့ ၁၂ဘီးကား ယာဉ် ၁စီးကို စစ်ကိုင်းမြို့နယ်အတွင်း ရွှေဘို-မန္တလေးလမ်းမပေါ် သိမ်ချောင်းမြောက်ဘက် သားပျောက်ကုန်းလမ်းခွဲအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊စစ်ကိုင်းခရိုင်တပ်ရင်း(၁)က တပ်စုက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုးကာအုပ်ထားသည့် ကားနောက်ပိုင်းကို မိုင်းထိမှန်ခဲ့ပြီး ကားအတွင်း လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ၏ အော်ဟစ်သံများထွက်ပေါ်လာခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများသေဆုံးမှုရှိနိုင်ပြီး တပ်သားအတော်များများ ထိခိုက်ဒဏ်ရာရသွားကြောင်း၊ ထို့အပြင် ဝက်လက်မြို့နယ် ဒေါင်းဧကရာဇ်တပ်ဖွဲ့ကလည်း အဆိုပါ စစ်ကောင်စီထောက်ပို့ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တူမီး‌သေနတ်များဖြင့် ဝိုင်းပစ်ခဲ့ကြသည့်အတွက် စစ်ကောင်စီတပ် အထိနာသွားကြောင်း ထုတ်​ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook