Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်း စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်း ဆောမြို့ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု ပကဖ ပြော

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

(ဆောမြို့နယ်အတွင်း တွေ့ရတဲ့ PDF ရဲဘော် တချို့။ ဓာတ်ပုံ-PDF)

စက်တင်ဘာ-၁၃၊၂၀၂၆။ဖိုးသား/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

အင်အား ၃၀၀ ၀န်းကျင်ပါတဲ့စစ်ကြောင်းက လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်းလမ်းအတိုင်း ဆောမြို့ကို မနေ့က(စက်တင်ဘာ ၁၂ ရက်) နေ့က ဦးတည်လာတယ်လို့ သိရပါတယ်။

“ဆောဘက်လာဖို့ အင်အား ၃၀၀ဝန်းကျင် ခြေလျင်ဖြည့်ထားပါတယ်။ဆောကိုသွားမယ့်စစ်ကြောင်းပါ”လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ တိုက်ပွဲမဖြစ်သေးပေမယ့် အချိန်မရွေးရှိလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။အဲဒီအင်အားတွေက ဆောမြို့နဲ့ ၁၂ မိုင်၀န်းကျင် အကွာမှာရှိတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စစ်ကူဖြည့်လိမ့်မယ်လို့ ‌ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

“ဆောမြို့နယ်ထဲကဆောမြို့မှာရော၊ကျောက်ထုမြို့မှာ ပါ မြေပြင် အင်အားရော လေကြောင်းကနေ ပါရိက္ခာခဲယမ်းတောက်လျှောက်ဖြည့်နေတာရှိတယ်။ချင်းတောင် ကို ထပ်တိုးမယ့် အနေအထားတွေပါ”လို့ သူက ပြောပါတယ်။

ဆောမြို့ကိုအင်အားဖြည့်မယ့် စစ်ကြောင်းဟာ ဆိပ်ဖြူ ကပစ (၂၂)ကတဆင့် လောင်းရှည်မြို့ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ကို စက်တင်ဘာ ၇ ရက်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်က ဆောမြို့က တဆင့် ကန်ပက်လက်၊ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်ကချင်းတောင်ပိုင်းနယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာရှိပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား သုံးထောင်၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က တိုက်လေယာဉ် မျိုးစုံသုံးပြီး တစ်နေကုန် ဗုံးကြဲ ပစ်ကူပေးတဲ့ကြားမှ တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုကြောင့် တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်း ပျက်

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလင်းဝင်သူတွေ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။