Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်း စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်း ဆောမြို့ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု ပကဖ ပြော

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

(ဆောမြို့နယ်အတွင်း တွေ့ရတဲ့ PDF ရဲဘော် တချို့။ ဓာတ်ပုံ-PDF)

စက်တင်ဘာ-၁၃၊၂၀၂၆။ဖိုးသား/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

အင်အား ၃၀၀ ၀န်းကျင်ပါတဲ့စစ်ကြောင်းက လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်းလမ်းအတိုင်း ဆောမြို့ကို မနေ့က(စက်တင်ဘာ ၁၂ ရက်) နေ့က ဦးတည်လာတယ်လို့ သိရပါတယ်။

“ဆောဘက်လာဖို့ အင်အား ၃၀၀ဝန်းကျင် ခြေလျင်ဖြည့်ထားပါတယ်။ဆောကိုသွားမယ့်စစ်ကြောင်းပါ”လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ တိုက်ပွဲမဖြစ်သေးပေမယ့် အချိန်မရွေးရှိလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။အဲဒီအင်အားတွေက ဆောမြို့နဲ့ ၁၂ မိုင်၀န်းကျင် အကွာမှာရှိတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စစ်ကူဖြည့်လိမ့်မယ်လို့ ‌ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

“ဆောမြို့နယ်ထဲကဆောမြို့မှာရော၊ကျောက်ထုမြို့မှာ ပါ မြေပြင် အင်အားရော လေကြောင်းကနေ ပါရိက္ခာခဲယမ်းတောက်လျှောက်ဖြည့်နေတာရှိတယ်။ချင်းတောင် ကို ထပ်တိုးမယ့် အနေအထားတွေပါ”လို့ သူက ပြောပါတယ်။

ဆောမြို့ကိုအင်အားဖြည့်မယ့် စစ်ကြောင်းဟာ ဆိပ်ဖြူ ကပစ (၂၂)ကတဆင့် လောင်းရှည်မြို့ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ကို စက်တင်ဘာ ၇ ရက်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်က ဆောမြို့က တဆင့် ကန်ပက်လက်၊ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်ကချင်းတောင်ပိုင်းနယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာရှိပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား သုံးထောင်၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်အထိနာပြီး စစ်ကြောင်းတွေ ဆုတ်ခွာထွက်ပြေးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။