Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖြူးမြို့နယ် ဘုတ်ဆုတ်ခင်ရွာ(KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မူးမြို့နယ်အတွင်းရှိကျေးရွာ) ကို စစ်တပ်က စက်တင်ဘာ ၅ရက်မှာ ဒရုန်းနဲ့ ၂ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖြူးမြို့နယ် တံခွန်တိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဘုတ်ဆုတ်ခင်ကျေးရွာကို ဒရုန်းနဲ့ ၂ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ ၁နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ဦးသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကလေးငယ် ၃ဦးအပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်မှ အရပ်သာပြည်သူလူထုများအား ပစ်မှတ်ထားပြီး ကျူးလွန် လျှက်ရှိလို့ KNUနယ်မြေက အရပ်သား ပြည်သူတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ်များ နေ့စဉ်နဲ့အမျှ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရကာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင်နေထိုင်ကြရတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။