စက်တင်ဘာ – ၁၃၊၂၀၂၆
ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိအင်းယားကန်ထဲမှာဒီနေ့ (စက်တင် ဘာလ ၁၃ ရက်)မနက်ပိုင်းကအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်အချို့ဆီကသိရပါတယ်။
ဒီမနက် ၇ နာရီ ခန့်က အင်းယားကန်ထဲမှာ အမျိုးသားအလောင်းကိုတွေ့ခဲ့တာပါ။
သေဆုံးသူဟာအသက် ၄၀အရွယ်ဝန်းကျင်ရှိပြီဖြစ်ပြီးပြင်ပဒဏ်ရာမတွေ့ရဘူးလို့ သိရပါတယ်။

Public Service Announcement
ရုပ်အလောင်းရဲ့လက္ခဏာအရ သေဆုံးတာ ရက်ပိုင်းရှိနေပြီလို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးပြောပါတယ်။ အဲဒီရုပ်အလောင်းကို ရဲနဲ့ လူမှုကူညီရေး အသင်းတွေ ဆယ်ယူပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီပို့ထားပါတယ်။
သေဆုံးသူအမျိုးသားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုမသိရသေးပါဘူး။

















































