Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦးထက်မနည်း သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ -၁၄၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ဩဂုတ်၂၉ ရက်ကစပြီး စက်တင်ဘာ ၁၂ ရက်အထိ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်က ခင်မွန်ရွာကတဆင့် ချောင်းဦးမြို့အနောက်ခြမ်း ကျေးရွာတွေကို ၂ပတ်နီးပါးကြာ စစ်တပ်က စစ်‌ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

“အရပ်သားဖမ်းဆီး သတ်ဖြတ်ခံရတာရှိတယ်။လက်ရှိ တွေ့ထားတာက ၅ဦးကနေ ‌၆ဦးအထိ ရှိတယ်။ကျီကုန်းရွာဘက်က များတယ်။အမျိုးသားတွေ။ Dead body တွေ့ပြီး ပိုင်ရှင်မရှိသေးတာ တွေလည်းရှိတယ်။ ရွာပြင်နဲ့နီးစပ်ရာ လယ်တဲမှာရှောင်ကြတယ်။အဲဒီမှာ စစ်ကြောင်းနဲ့တွေ့ရင်းသတ်ခံကြရတာ”လို့ စစ်တပ်စစ်ကြောင်း သတ်ဖြတ်ခဲ့မှုကို မြေပြင်းသတင်းရင်းမြစ်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းကြောင့် ကျီကုန်း၊ကြည်ကုန်ရွာသစ်၊မယ်သဲကြိုး၊ ဒိုင်းကွေ့၊ ကြက်သွန်စျေး၊ ချောင်းမနား၊ ထန်းတောကြီး၊ အင်းမအပြင် သစ်ဆိမ့်၊ ချောင်းဆုံအစရှိတဲ့ ကျေးရွာ ၂၀ခန့်က ဒေသခံ ထောင်နဲ့ချီ စစ်ရှောင်ခဲ့ကြရပါတယ်။

“အခုမှ တချို့ရွာတွေက ပြန်၀င်နေကြရတာ။စစ်ကြောင်း ပြန်ထွက်သွားတာ သုံးရက်လောက်တော့ရှိပြီ”လို့ ချောင်းဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက မုံရွာအခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ် ၊ မုံရွာ မန္တလေးလမ်းပေါ်က စစ်တပ်ဂိတ်တွေကို ပြန်လည်၀င်ရောက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

စစ်ကြောင်းရဲ့ရည်ရွယ်ချက်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဖွဲ့မယ့် မုံရွာ- ချောင်းဦး အစပ် ရွှေဒါးကျရွာကို ဦးတည်ခဲ့ခြင်းဖြစ်တယ်လို့ အသိပေးပါတယ်။

ဒါပေမယ့် ဒေသတွင်းစစ်ရေးအနေအထားနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်စွဲအထိုင်ချတာမျိုးမလုပ်နိုင်ခဲ့ဘဲ ပြန်ဆုတ်ခွာသွားရတယ်လို့ သိရပါတယ်။

အခုနှစ် ဇွန်လကလည်း ချောင်းဦး-ရေစကြိုလမ်းပိုင်းပေါ်က ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေကို စစ်တပ်စစ်ကြောင်း ၀င်ရောက်မီးရှို့ခဲ့ပြီး သက်ကြီး၊ ရွယ်အိုတွေအပါအ၀င် အရပ်သား ၆ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။