Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တွေအပါအ၀င်ပြည်သူ ‌‌၆ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - သရက်ခရိုင်အမှတ်(၄) တပ်ရင်း)

စက်တင်ဘာ-၁၄ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုဖြစ်စဉ်က ဇွန်းကျကျေးရွာမှာ မနေ့က(စက်တင်ဘာ ၁၃ ရက်) ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

” က‌ပစ ၁၂ ကနေ ညနေ ၄နာရီလောက်မှာ ပါရာမော်တာသုံးစီးတက်လာတယ်။ဇွန်းကျဘက်ကို ပျံသန်းတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ဇွန်းကျ ကျေးရွာဆိုတာက ဖုန်းလိုင်းမမိ၊အင်တာနက်လိုင်းမရတာမျိုးနေရာတွေပါ။ရွာက ဒီလိုဟာမျိုးလည်းမကြုံဖူးဘူး။သူတို့ဆီလာတယ်လို့လည်း မထင်ကြဘူး။ရွာအ၀န်းအဝိုင်းထဲကြဲချခံရပြီး အိမ်တွေနဲ့ အနီးတဝိုက်နဲ့နောက်ဘုန်းကြီးကျောင်းရှေ့တွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်”လို့ အထက်ပါတာ၀န်ရှိသူက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

သရက်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး) ၃စီးနဲ့ ဗုံး ၈ လုံးကြဲချတိုက်ခိုက်မှုကြောင့် အသက်(၇၀)အရွယ် ဒေါ်ပစာ၊မခင်ဝေဇင်မိုး အသက် (၁၇)နှစ်၊မနွယ်နွယ်ဝင်း အသက် (၂၅)နှစ် ၊ မထက်သဇင်လှိုင် အသက် (၁၁)နှစ် ၊မငုဝါလှိုင် အသက် (၁၀)နှစ် နဲ့ မောင်ကောင်းထက်ကျော် အသက် (၁၅)နှစ် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် မမာလာ ၊ မောင်မင်းထက်ဦး၊ မောင်ချစ်မဝ ၊မမြမှုးမေနဲ့ မသင်းသင်းလှိုင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါဟာ အပြစ်မဲ့အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်တာလို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ဆိုပါတယ်။

“ဇွန်းကျရွာက အိမ်ခြေနည်းနည်းလေး။မင်းတုန်းရဲ့ အနောက် တောင်ဘက်ခြမ်းမှာ။အခု လက်ရှိ

တိုက်ပွဲ ဖြစ်တဲ့နေရာတွေနဲ့ ဝေးပါတယ်။ဝေးတဲ့အပြင် အဲဒီရွာတဝိုက်မှာလည်း တခါမှ တိုက်ပွဲ ဖြစ်တာမျိုးမရှိခဲ့ဘူး”လို့ မင်းတုန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့အနောက်ဘက်ခြမ်းကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးစားနေပေမယ့် စစ်ကြောင်းရဲ့ အရာရှိတွေအပါအ၀င် သေဆုံးသူများနေပြီး နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အသိပေးပါတယ်။

ဒါ့အပြင် အခု စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းတွေထဲက တပ်ရင်းမှူး ၂ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။

အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်နေတာကြောင့် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅ဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်