Connect with us

Hi, what are you looking for?

သတင်း

AAက စစ်တွေမှာစစ်တပ်စခန်းတွေကို တန်ပြန်ထိုးစစ်ဆင်

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

(၄၉၂၆ စစ်ဆင်​ရေးစစ်တပ်စစ်​ကြောင်းက ​သေဆုံးစစ်သားအ​လောင်း​တွေ။ဓါတ်ပုံ-​ပေးပို့)

“တိုက်ပွဲပုံစံပြောင်းသွားပြီ။စစ်တပ် စစ်ကြောင်းတွေကတော့ဒီအတိုင်းရပ်နေတယ်။ ကိုယ့်ဘက်ကလည်းကိုယ့်လမ်းကြောင်းနဲ့ကိုယ် စစ်တပ်စခန်းတွေကိုသီးသန့်တန်ပြန်ထိုးစစ်ဆင်နေတယ်”

— AAနဲ့နီးစပ်တဲ့စစ်​ရေးရင်းမြစ်

စက်တင်ဘာ-၁၄၊၂၀၂၆။ခိုင်မြတ်/People’s Spring

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် ပါဒလိတ်တပ်ရင်အနီးရှိအမြင့်ကျွန်းရွာဝန်းကျင်၊ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)၊ကျားမသောက်တပ်ရင်းတို့အနီး တောကန်ရွာဝန်းကျင် နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်စခန်းတွေကိုအာရက္ခတပ်​တော်တိုက်ခိုက်နေတာဖြစ်ပါတယ် ။ဒီနေ့(စက်တင်ဘာ-၁၄)တနေ့လုံးနီးပါးတိုက်ပွဲပြင်းကာ စစ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူအများအပြားရှိ နေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲပုံစံပြောင်းသွားပြီ။စစ်တပ်စစ်ကြောင်းတွေကတော့ဒီအတိုင်းရပ်နေတယ်။ ကိုယ့်ဘက်ကလည်းကိုယ့်လမ်းကြောင်းနဲ့ကိုယ် စစ်တပ်စခန်းတွေကိုသီးသန့်တန်ပြန်ထိုးစစ်ဆင်နေတယ်။အရင်ကတိုက်လက်စနေရာတွေမှာဆက်ပြီးထိုးနေတာ။တိုက်ပွဲပြင်းနေတယ်”လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

AA ရဲ့တန်ပြန်ထိုးစစ်တိုက်ပွဲ​တွေအတွင်းမှာ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းက စစ်တပ်ဘက်က တစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ “တောကန်နဲ့ ကံ့ကော်ကျွန်းဘက်မှာတဆယ်ကျော်လောက်ရလိုက်တယ်။ အမြင့်ကျွန်းဘက်မှာတော့ ရှေ့တိုးမလာနိုင်အောင်တားထားတဲ့သဘောလောက်ပဲ၊ တိုက်ပွဲသိပ်မပြင်းဘူး”လို့AA နဲ့နီးစပ်တဲ့စစ်​ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်နဲ့အစပ် စစ်တွေမြို့နယ် ဝါဘိုကျွန်းအနီးဝန်းကျင်ဘက်မှာတော့ အင်အားဖြည့်ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတခုကျန်နေပြီး အဲဒီစစ်ကြောင်းနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာဘက်သို့ တစ်ကြောင်း၊ ဝါဘိုကျွန်း၊ မြစ်နာရွာဘက်သို့ တစ်ကြောင်း၊ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေခဲ့တာပါ။

အဲဒီစစ်ကြောင်းနှစ်ကြောင်းထဲက ခမောင်းတောရွာဘက် စစ်ကြောင်းဟာ ဆယ်ချီသေဆုံးထိခိုက်ပြီး ရဲရိုးပြင်ရွာနား ထိ နောက်ပြန်ဆုတ်သွားခဲ့ရကာ မြစ်နားရွာအနီးစစ်ကြောင်းတစ်ခုပဲ ကျန်နေတော့တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောကြပါတယ်။

အဲဒီလို တိုက်ပွဲပြင်းနေချိန် စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီးစက်တင်ဘာ ၁၄ညနေပိုင်းမှာလည်း ပေါက်တောမြို့နယ်ဘက်ခြမ်းကို ဗုံး ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့တရက်တည်းမှာလေယာဉ်ငါးစီး၊ ခြောက်စီးရှိပြီလာတာ။ အစပ်တွေကို ကြဲတယ်။ ပေါက်တော ဆံတော်ရှင် ကျွန်းကိုလည်း အခု ကြဲနေတယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ဒီနေ့ ညနေ လေးနာရီဝန်းကျင်မှာ ပြော ပါတယ်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ၄ ရက်နေ့ကစပြီး စစ်တွေမြို့နယ်၊အမြင့်ကျွန်း၊ ရွှေမင်းဂံတို့ကနေ အင်အား ထောင်ဂဏန်းနဲ့ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။ အမြင့်ကျွန်းဘက် စစ်ကြောင်းဟာ တိုက်ပွဲပထမရက်မှာပဲအထိနာနောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။

အဲဒီလို နောက်ပြန်ဆုတ်သွားခဲ့စစ်တပ်စစ်ကြောင်း​တွေကို AA က လိုက်တိုက်သလို နောက်ထပ် တောကန်၊ ကံ့ကော် ကျွန်းတို့ဘက်မှာလည်း စစ်ကြောင်းသစ်ထိုးကာ တန်ပြန်ထိုးစစ်လုပ်နေတာပါ။

“စစ်တပ်က ပုဏ္ဏားကျွန်းဘက်ခြမ်းမှာ စစ်ကျွံသွားတာပေ့ါ။အဲဒါ ပြန်ဆုတ်ဖို့ မလွယ်တော့ဘူး။လက်နက်ချရင်ချ၊မချရင် သေဖို့ပဲ ရှိမှာ။ AA ကလည်းစစ်တွေဘက် ဒကစနားထိ နဂိုကတည်းက လမ်းကြောင်းပေါက်ပြီးသား၊ ပြင်းပြင်းထန်ထန်မတိုက်လို့ပဲ ငြိမ်နေတာ။ အခုအတိုင်းဆိုရင် AA က ထိုးစစ်ကို အရှိန်မြင့်လာမယ်ထင်တယ်။ ဒကစနားတွေမှာ တိုက်ပွဲတွေ ပိုပြင်းလာနိုင်တယ်” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့ လာသူတဦးက ပြောပါတယ်။

စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေတစ်ပါတ်​ကျော်အထိ AA စခန်းတစ်ခုမှမသိမ်းနိုင်ခဲ့သလို ၊စစ်တွေစစ်မျက်နှာမှာပဲ စစ်တပ်က သေဆုံးရသူ နှစ်ရာကျော်ထိ ရှိပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း စစ် တပ်ဘက်က အထိနာနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။