Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ -၁၅၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၅ရက်)မနက်ပိုင်း ၉ နာရီခွဲ၀န်းကျင်မှာ ဒီးမော့ဆိုမြို့နယ်က ပဆေးလာရွာဘက်ခြမ်းကို စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

“လေယာဉ်ကြဲပြီး လက်နက်ကြီးတွေနဲ့လည်း ထုလာတာ။ပြည်သူတွေပဲရှိနေတာလေ”လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်အခြေအနေအရ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးဘဲ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ကျောင်းတွေ ပိတ်ထားဖို့နဲ့ ဒေသခံပြည်သူတွေ ဗုံးခိုကျင်းတွေမှာ နေထိုင်ဖို့ ကရင်နီစစ်ရှောင်အရေးကူညီသူတွေက တိုက်တွန်းပါတယ်။

“၉ နာရီ ကျော်ကစပြီး လေယာဉ်နဲ့ကြဲတာ ။၁၀ နာရီနောက်ပိုင်း ၁၁ ကျော်တဲ့အထိ လက်နက်ကြီးနဲ့ပစ်တယ်။အဲဒီဘက်က ဘာတိုက်ပွဲမှတော့ မရှိဘူး”လို့ ကရင်နီစစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက် ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့အနီး၀န်းကျင်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

အခု စက်တင်ဘာအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီး ဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook