Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ်ကတိုက်နယ်ပကဖ တာဝန်ခံစစ်အုပ်စုနဲ့ပေါင်းပြီး နောက်အခွန်ဂိတ်နေရာတွေကိုစစ်တပ်ဗုံးကြဲ

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

(​တော်လှန်​ရေးအဖွဲ့​တွေရဲ့အခွန်​ကောက်တဲ့ဂိတ် ဗုံးကြဲခံရအပြီး​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

စက်တင်ဘာ၁၅-၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

ဂုံညင်းဆိပ်တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးဟာ လောင်းကစားဝိုင်း၊တရားမဝင်လူပြန်ပေးဆွဲမှု၊လာဘ်စားမှု တွေကြောင့်တော်လှန်ရေးတပ် တွေကအရေးယူဖို့ လုပ်ချိန်မှာ လက်နက်၁၀ လက်ကျော် ၊ငွေသား၊ကားနဲ့ အတူ စက်တင်ဘာလ၁၃ ရက်နေ့ က ဇနီးဖြစ်သူနှင့်အတူ စစ်အုပ်စုထံပူး ပေါင်းသွားခဲ့တယ်လို့ ​​​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။

၎င်းတို့နှစ်ဦးစစ်အုပ်စုနဲ့ ပူးပေါင်းပြီးတဲ့နောက်မြင်းမူမြိုနယ်၊အ ရှေ့ မြောက်ခြမ်းက အခွန်ဂိတ်‌‌၃နေရာကို စစ်အုပ်စုက Gyrocopter ၃စီးနဲ့ စက်တင်ဘာလ၁၄ ရက်မှာသုံးကြိမ်တိုင်ဗုံးကြဲခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူနဲ့ ဆက်စပ်နဲ့ နေရာ တွေပေါ့။ဒီနေရာတွေကိုပဲကြဲတာ။အခွန်ဂိတ်တွေနားကြတယ်။ကင်းထောက် Scout တွေဝဲပြီး လေကြောင်းကြဲနေတာ။ဒီနေ့တော့ ငြိမ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးက စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ ကြောင့်ဒေသခံ ကျေးရွာတွေဖြစ်တဲ့ ဂုံညင်းဆိပ်၊အင်းမ၊မူးမန္တလေး၊မကျီးကန်၊ကံပြား၊‌ ရွှေကျောင်းကန် စတဲ့ ကျေးရွာက ဒေသခံ တွေလည်း ကြောက်လန့်ကာ ရှောင်တိမ်း နေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook